စစ်တွေမြို့တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
စော (NSS) - ဇူလိုင် ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ ဓညဝတီဘောလုံးကွင်းအနောက်ဘက်ရှိ ချောင်းထဲတွင် ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုသားကို ယနေ့(ဇူလိုင်လ ၁၁ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူကလေဖြတ်နေတာလို့ပြောတယ်။ ချောင်းထဲဆင်းရင်းရေနစ်သွားတယ်ထင်ပါတယ်။ ခန့်မှန်းခြေကတော့ သေတာ နှစ်ရက်သုံးရက်လောက်ရှိမယ်ထင်တယ်။ ပြင်ပဒဏ်ရာတော့ သူကိုယ်ပေါ်မှာမရှိပါဘူး”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၄၀)ဝန်းကျင်အရွယ်ရှိပြီး ဘောလုံးကွင်းရပ်ကွက်တွင် နေထိုင်သူဖြစ် ကြောင်း သိရသည်။
၎င်း၏ရုပ်အလောင်းအား စစ်တွေပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားပိုင်နက်အတွင်းသို့ဝင်ရောက်လာသော အမေရိကန်တိုက်လေယာဉ်များကို ပစ်ချမည်ဟု ကင်ယိုဂျုံ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း