အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မှာ မဟုတ်ဟုဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၁
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ကျန်းမာရေးအခြေအနေကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ နဲ့ မိတ်ဖက်နိုင်ငံများ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဆိုပါအစည်းအဝေးကို တရုတ်ထိပ်တန်းသံတမန်တစ်ဦးဖြစ်တဲ့ ဝမ်ယိ ဦးဆောင်တက်ရောက်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Qin Gang တက်ရောက်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဝမ်ဝမ်ဘင်း က ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ တရုတ်နိုင်ငံရဲ့အစည်းအဝေးကို လာမယ့် ကြာသပတေးနေ့မှာ ကျင်းပဖို့ စီစဉ် ထားကြောင်း သိရပါတယ်။ အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးကိစ္စနဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေကို အဓိကထား ဆွေးနွေးဖွယ်ရှိနေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက "နိုင်ငံခြားရေးဝန်ကြီးဟာ ကျန်းမာရေး မကောင်းလို့ အာဆီယံအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူး" လို့ ပြောပါတယ်။
၎င်းဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ စတင်တာဝန်ယူခဲ့ပြီး ဇွန်လ ၂၅ ရက် နောက်ပိုင်းကတည်းက လူမြင်ကွင်းမှာ ပျောက်ဆုံးနေခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ဂျိုးဆပ်ဘော်ရယ်လ် နဲ့ တွေ့ဆုံ ဆွေးနွေးမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရဖူးကြောင်း သိရပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ မိတ်ဖက်နိုင်ငံများအစည်းအဝေးကို အာဆီယံဒေသအတွင်း နိုင်ငံ များအပြင် အမေရိကန်၊ရုရှား နဲ့ မိတ်ဖက်နိုင်ငံများရဲ့သံတမန်များ တက်ရောက်ဖွယ်ရှိနေကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံကအိမ်ရှင်အဖြစ် ဇူလိုင် ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်ခြံမြေဈေး အပြောင်းအလဲဟာ နိုင်ငံရေးအခြေအနေအပေါ် မူတည်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ