ကျောက်ဖြူမြို့တွင် ရေနစ်သေဆုံးသွားသည့် ဆယ်ကျော်သက်အရွယ်ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းကို နှစ်ရက်အကြာ၌ ပြန်လည်တွေ့ရှိ
စော (NSS) - ဇူလိုင် ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ရေနစ်သေဆုံးသွားသည့် ဆယ်ကျော်သက်အရွယ်ကလေးငယ်နှစ်ဦး ၏ ရုပ်အလောင်းကို နှစ်ရက်အကြာ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ကလေး(၂)ဦး အပါအဝင် ကလေးငယ်လေးဦးသည် ပြီးခဲ့သည့် (ဇူလိုင်လ ၈ ရက်)၊ ညနေ(၃)နာရီဝန်းကျင်အချိန်၌ ရွာသို့ပြန်လာခဲ့ကြရာ နှစ်ဦးသည် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် မီးသတ်စခန်းထံမှသိရသည်။
“ကလေးလေးယောက်က ငလေပွေရွာကနေ ငှက်ပစ်ဖို့ ပျားဆီးသီး သွားခူးတာပါ။ ပြန်တဲ့အချိန်ကမှောင်နေတော့ အမေတွေဆူမှာဆိုးလို့ ကာရီဘောင်ကနေမပြန်ဘဲ ချောင်းကို ဖြတ်တာပါ။ ဖြတ်တော့ နှစ်ယောက်က နစ်သွားတာပါ”ဟု ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထို့နောက် ရေနစ်သေဆုံးခဲ့သူများအား ပြန်လည်ရှာဖွေခဲ့ကြရာ ယနေ့(ဇူလိုင်လ ၁၀ရက်)၊ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့၊ ငလပွေချောင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် မီးသတ်စခန်းထံမှ သိရသည်။
“တစ်ယောက်ကို ဒီနေ့ မနက် (၅)နာရီ (၅၀)မိနစ်မှာ တွေ့တယ်။ နောက်တစ်ယောက်ကို (၈)နာရီ (၁၀)မိနစ်မှာတွေ့တယ်။ သူတို့ကို တစ်ရက်ခွဲလောက်ရှာလိုက်ရတယ်။ ဒီနေ့ကြမှ သူတို့အလောင်းက ချောင်းထဲက ပေါ်လာတာပါ” ဟု ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ရေနစ်သေဆုံးသူကလေးငယ်နှစ်ဦးအနက်တစ်ဦးသည် မောင်ညီကိုဝင်း (၁၄)နှစ်ဖြစ်ပြီး ကျန်တစ်ဦးသည် မောင်ငွေမင်းဦး (၁၅)နှစ်ဖြစ်ကာ ငလပွေရွာတွင်နေထိုင်သူများဖြစ်ကြောင်းသိရသည်။
၎င်းတို့၏ ရုပ်အလောင်းအား လေးဝတီကုလရက္ခီတ ပရဟိတအသင်းမှ ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့ရှိ KTV၊ CLUB နှင့် BAR တို့တွင်ရောင်းချနေသည့် ငွေကျပ်သိန်း(၆၀၀၀)ကျော် စိတ်ပြောင်းဆေးများ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း