ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူ
Pika (NSS) - ဇူလိုင် ၁ဝ
ပီအက်စ်ဂျီအသင်းသည် ဘိုင်ယန်မြူးနစ်အသင်း နောက်တန်းကစားသမားလူးကပ်စ်ဟာ နန်ဒက်ဇ်ကို ငါးနှစ် သက်တမ်းရှိ သဘောတူစာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းက ဇူလိုင်လ(၉)ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နှစ်သင်းလုံးသည် လူးကပ်စ်ဟာနန်ဒက်ဇ်၏ ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ပြောကြားခြင်းမျိုးမရှိသော်လည်း လူးကပ်စ်ဟာနန်ဒက်ဇ်ကို ခေါ်ယူရန်အတွက် ပီအက်စ်ဂျီအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းကို ယူရိုသန်း(၄ဝ) အပြင် အပိုဆုကြေးများကို ပေးချေခဲ့ကြောင်း ပြင်သစ်မီဒီယာ အများအပြားက ဖော်ပြခဲ့သည်။
လူးကပ်စ်ဟာနန်ဒက်ဇ် က "ကျွန်တော်တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ အတွက် အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့ရပြီး နောက်ဆုံးတော့ဖြစ်လာခဲ့ပါပြီ။ ဒီနေ့က ကျွန်တော့်အတွက် အရမ်း ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် အရမ်းပျော်မိပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် လူးကပ်စ်ဟာနန်ဒက်ဇ် လူငယ်ဘဝကလပ်ဖြစ်သော အက်သလက်တီကိုမက်ဒရစ်အသင်းသည် အဆိုပါ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အခကြေးငွေများရရှိလိမ့်မည်ဖြစ်ကြောင်း စပိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
လူးကပ်စ်ဟာနန်ဒက်ဇ်သည် (၂ဝ၁၉)ခုနှစ်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း(၁ဝ၇)ပွဲ ဝင်ရောက်ကစားပေးခဲ့ကြောင်းသိရသည်။ သို့သော်လည်း ၎င်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒူးအရွတ်ပေါက်ပြဲဒဏ်ရာရရှိခဲ့သောကြောင့် ပြီးခဲ့သည့်ရာသီက ကစားပွဲ(၇)ပွဲသာ ကစားခဲ့ရ ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည် ဇူလိုင်လ(၆)ရက်တွင် နည်းပြခရစ်စတိုဖီဂယ်လ်တီးယားကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အမ်းရစ်ချ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုမ္ပဏီငွေစာရင်းသို့ ပို့ကုန်ရငွေ ဝင်ရောက်ရမည့်ကာလ (၇)ရက်အစား (၁၅)ရက်အဖြစ် တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း