စစ်ကိုင်းမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၁ဝ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လူမှုရေးအသင်းရုံးတွင်ရှိနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၇ရက်) ၊ ည ၇နာရီ ၄၅မိနစ်အချိန်တွင် စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်ရှိ ဓမ္မရက္ခိတလူမှုရေးအသင်းရုံး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားသည် အဆိုပါရုံးအတွင်းရှိနေစဉ် PDF အဖွဲ့ အင်အား(၄)ဦးခန့်က ဆိုင်ကယ် (၂)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အထက်ပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသောင်းရွှေ(၇၈)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူ နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လျက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ် ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနှင့် တရုတ်သင်္ဘောသားများ အလုပ်လုပ်နေသာ ကုန်စည်သင်္ဘောကို စီးနင်းပြီးသင်္ဘောသားများကို ဖမ်းဆီးဟု ဟောင်ကောင်အကောင်ခွန်ဌာန အာဏာပိုင်များပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း