အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ အမျိုးသားတစ်ဦးရဲ့ လျှပ်တစ်ပြက်ပစ်ခတ်မှုကြောင့် အသက်(၈၆)နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံး
ရောင်နီ (NSS) - ဇူလိုင် ၁ဝ
အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ စနေနေ့ (ဇူလိုင်လ ၈ ရက်)က လမ်းသွားလမ်းလာတွေကို စကူတာတစ်စီးနဲ့ အမျိုးသားတစ်ဦးက လျှပ်တစ်ပြတ် ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းကြောင့် အသက် ၈၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ထိမှန်ခဲ့ပြီး အခြားနှစ်ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်မှုဟာ နံနက် ၁၁ နာရီ ၃ဝ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၈၆ နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိမှန်ခဲ့ကာ အသက် ၈၆ နှစ် အမျိုးသားကတော့ ဆေးရုံမှာ ကုသမှုခံယူရင်း သေဆုံးသွားခဲ့ပါတယ်။ ကျန်အမျိုးသားကတော့ ဆေးရုံမှာ ကုသမှုခံယူနေပြီး အခြေအနေတည်ငြိမ်နေပြီ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ သေနတ်သမားဟာ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာလည်း အသက် (၆၁) နှစ်အရွယ် အမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး အဆိုပါ အမျိုးသားဟာ ဂျမေကာဆေးရုံ ဆေးဘက်ဆိုင်ရာဌာနမှာ ကုသမှုခံယူနေရကာ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။ အနီးနားမှာ နောက်ထပ် ပစ်ခတ်မှုတစ်ခုလည်း ရှိခဲ့ကြောင်း၊ ဒါပေမယ့် အဲဒီပစ်ခတ်မှုဟာ အစောပိုင်း ပစ်ခတ်မှုနဲ့ ဆက်နွယ်မှု ရှိ၊ မရှိ မပြောနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီအမှုအတွက် သံသယရှိ လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သေနတ်သမား အမျိုးသားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ အပါအဝင် အခြားအချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလအတွင်းရေးမှူးချုပ်၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် ထည့်သွင်းရေးသားသည့်အစီရင်ခံစာကို ကွန့်ကွက်ပယ်ချကြောင်း မြန်မာတုံ့ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း