မက္ကဆီကို ပင်လယ်ကွေ့ကမ်းလွန်ပင်လယ်ပြင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရေနံစည်ပေါင်း (၇)သိန်းခန့်ဆုံးရှုံး
ရောင်နီ (NSS) - ဇူလိုင် ၁ဝ
မက္ကဆီကို ပင်လယ်ကွေ့ တောင်ဘက်အစွန်းရှိ ကမ်းလွန်ပင်လယ်ပြင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ခန့်မှန်းခြေ ရေနံစိမ်းစည်ပေါင်း (၇)သိန်း ပျက်စီးဆုံးရှုံးခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း မက္ကဆီကိုရေနံကုမ္ပဏီ Pemex က စနေနေ့ (ဇူလိုင်လ ၈ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီရဲ့ Cantarell Field ၊ Nohoch-A လင့်ခ်ပလပ်ဖောင်းမှာ သောကြာနေ့ (ဇူလိုင်လ ၇ ရက်) အစောပိုင်းက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နောက်ပိုင်း ကွန်ပလိန်းအဆောက်အအုံကို မီးကူးခဲ့ပါတယ်။ အဲ ဒီမီးလောင်မှုမှာ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ အခုအချိန်မှာတော့ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဧရိယာမှာရှိတဲ့ ရေနံတွင်းတွေကို ပိတ်ထားလိုက်ရတာကြောင့် ခန့်မှန်းချေ ရေနံစည်ပေါင်း (၇)သိန်းလောက် ဆုံးရှုံးလိုက်ရတယ်လို့ ကုမ္ပဏီက Twitter အကောင့်မှာ ပြောကြားခဲ့ပါတယ်။ မီးလောင်သွားတဲ့ နေရာဟာ တစ်နေ့ကို ရေနံစည်ပေါင်း (၁၇၀၀၀၀) (bpd) ခန့် ထုတ်လုပ်တဲ့ Cantarell ဖြစ်တာကြောင့် ရေနံဆုံးရှုံးမှု ပမာဏများမယ်လို့ ခန့်မှန်းထားတာပါ။ အခု မီးလောင်မှုကြောင့် ပျောက်ဆုံးသွားသူ တစ်ဦးကို ရှာဖွေနေဆဲဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Ciudad del Carmen မှ ၈၅ ကီလိုမီတာအကွာ၊ Campeche ပင်လယ်အော်မှာ တည်ရှိတဲ့ Cantarell ဧရိယာဟာ အဏ္ဏဝါဧရိယာ ရေနံလယ်ကွင်းများစွာနဲ့ဖွဲ့စည်းထားပြီး တစ်ချိန်ကကမ္ဘာ့ ရေနံအထွက်နှုန်း အကောင်းဆုံး နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ Pemex ဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းကလည်း ထုတ်လုပ်မှုဇုန်မှာ စက်မှုမတော်တဆမှု အများအပြားကြုံတွေ့ခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ အမျိုးသားတစ်ဦးရဲ့ လျှပ်တစ်ပြက်ပစ်ခတ်မှုကြောင့် အသက်(၈၆)နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း