ရေစကြိုမြို့နယ်ရှိ အခြေခံကျောင်း(၂)ကျောင်းကို PDF အဖွဲ့က လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၉
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(၂)ကျောင်းကို PDF အဖွဲ့က လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇူလိုင်လ ၇ ရက်) နံနက် ၇နာရီ ၁၅မိနစ်နှင့် ၇ နာရီ ၃ဝ မိနစ်တို့တွင် ရေစကြိုမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကူတုပ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတို့တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနှစ်ရွာရှိ အခြေခံပညာမူလတန်းကျောင်းများကို PDF အဖွဲ့က လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျောင်းအသီးသီး၌ လူထိခိုက်မှုများမရှိခဲ့သော်လည်း ပေကုန်းကျေးရွာရှိ မူလတန်းကျောင်း၏ ကျောင်းတံခါးနှင့် အုတ်တံတိုင်းတို့မှာပျက်စီးမှုများရှိခဲ့ပြီး ကူတုပ်ကျေးရွာကျောင်းရှိ သံပန်းတံခါးနှင့် အုတ်တံတိုင်းများမှာလည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသင်းအပေါ်စီမံခန့်ခွဲပိုင်ခွင့်ကို တရားရုံးဆုံးဖြတ်ချက်အတိုင်းလိုက်နာမည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း