အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့အနီးတွင် လေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါလာသူအားလုံးသေဆုံး
Pika (NSS) - ဇူလိုင် ၉
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့အနီးရှိ French Valley လေဆိပ်အနီးတွင် ဇူလိုင်လ(၈)ရက်က ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါ လူ(၆)ဦးလုံးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
Cessna C550 အမျိုးအစား ဂျက်လေယာဉ်သည် လတ်ဗီးဂတ်စ်မြို့မှ ထွက်ခွါလာခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့တောင်ဖက် (၁၃၇)ကီလိုမီတာအကွာ Riverside ကောင်တီရှိ French Valley လေဆိပ်အနီးတွင် နံနက်(၄)နာရီ(၁၅)မိနစ်ခန့်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းလိုင်းအုပ်ချုပ်ရေးရုံးကပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသော ခရီးသည်များနှင့်လေယာဉ်မှူးတို့သည် အရွယ်ရောက်ပြီးသူများဖြစ်ကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့၏ လေကြောင်းစုံစမ်းစစ်ဆေးရေးမှူး အီလီယော့ဆင်ပ်ဆန်က ပြောကြားခဲ့သည်။
အဆိုပါဂျက်လေယာဉ်သည် ဆိုးရွားသောရာသီဥတုကြောင့် ဆင်းသက်ရန်ကြိုးပမ်းခဲ့ပြီးနောက် လေဆိပ်ပြေးလမ်း၏ မီတာ(၁၅၀)အကွာတွင်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အီလီယော့ဆင်ပ်ဆန်ကပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်အမြီးမှလွဲပြီး ကိုယ်ထည်တစ်ခုလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဂျက်လေယာဉ်ပျက်ကျပြီးနောက် အခင်းဖြစ်ပွားရာနေရာ လယ်ကွင်းထဲတွင် မီးတောက်များထွက်ပေါ်လာခဲ့ပြီး လေယာဉ်ပေါ်ပါလူ(၆)ဦးလုံးသေဆုံးခဲ့ကြောင်း Riverside ကောင်တီရှိ ရဲအရာရှိရုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး လာမည့်သီတင်းပတ်နှစ်ပတ်အတွင်း နောက်ထပ်ရလဒ်များရလာနိုင်မည်ဟု မျှော်လင့်မိကြောင်း အီလီယော့ဆင်ပ်ဆန်ကပြောကြားခဲ့သည်။ သို့သော်လည်း လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူများ၏ နာမည်များကို ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ဇူလိုင်လ(၄)ရက် အစောပိုင်းက အဆိုပါလေဆိပ်အနီးတွင် လူလေးဦးလိုက်ပါလာသော ဂျက်လေ ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လေယာဉ်မှူးသေဆုံးကာ အခြားလူ(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်၌ မိုင်းခွဲခံခဲ့ရသော တံတားကို ပြင်ဆင်နေပြီး လမ်းပိုင်းကို ပိတ်ပင်ထားခြင်းမရှိဘဲ ဘုရားဖူးများလာရောက်နိုင်ဟု အသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း