အမေရိကန်က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ထားပေမယ့် ရုရှားထွက်ကုန်ပစ္စည်းများတင်သွင်းမှု နှစ်ဆမြင့်တက်လာ
ဂျန်ဇက် (NSS) - ဇူလိုင် ၉
အမေရိကန်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ထားပေမယ့် ရုရှားနိုင်ငံထံကနေ ကုန်ပစ္စည်းများတင်သွင်းမှုများရှိနေဆဲဖြစ်ပြီး ရုရှားနိုင်ငံထံကနေ ကုန်ပစ္စည်းတင်သွင်းမှုများ နှစ်ဆမြင့်တက်လာခဲ့ကြောင်း အမေရိကန် သန်းခေါင်စာရင်းနဲ့အကောက်ခွန်ဌာနဗျူရိုက ထုတ်ပြန်တဲ့အချက်လက်များအရ သိရပါတယ်။
အမေရိကန်အစိုးရဟာ ပိတ်ဆို့မှုချမှတ်ထားတဲ့ ရုရှားနိုင်ငံကနေ မေလအတွင်း အမေရိကန်ဒေါ်လာ သန်း (၅ဝဝ)ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများတင်သွင်းခဲ့ကြောင်းသိရပါတယ်။ မေလအတွင်းတင်သွင်းတဲ့ အရေ အတွက်ဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့နှိုင်းယှဉ်ရင် နှစ်ဆကျော်မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှ ရုရှားနိုင်ငံထံကနေ အမေရိကန်ဒေါ်လာ ၂၁၅ ဒသမ ၆ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများတင်သွင်းခဲ့ကြောင်းသိရပါတယ်။ အမေရိကန်ဟာ ရုရှားနိုင်ငံထံကို ကုန်ပစ္စည်းများတင်ပို့မှုနည်းပါးခဲ့ပြီး မေလအတွင်းမှာ အမေရိကန်ဟာ ရုရှားနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၆ဝ နီးပါးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံဟာ ၂ဝ၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ယူကရိန်းကို တိုက်ခိုက်ခဲ့ရာ အမေရိကန်ဦးဆောင်တဲ့အ နောက်အုပ်စုနိုင်ငံများက ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်ဟာ ရုရှားရဲ့ကုန်ပစ္စည်းများကို ပင်လယ်ကမ်းခြေမှတင်သွင်းမှု တားမြစ်ပိတ်ပင်ထားသလို ရုရှားနိုင်ငံထုတ် စွမ်းအင်တင်ပို့မှုတွေကို ပစ်မှတ်ထားခဲ့ကြောင်းသိရပါတယ်။ ရုရှားဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများရဲ့ပိတ်ဆို့မှုများချမှတ်ခံထားရပေမယ့် စီးပွားရေး ဆိုးဆိုးရွားရွားထိခိုက်ကျဆင်းခြင်းမျိုးမရှိဘဲ တိုးတက်ကောင်းမွန်နေဆဲဖြစ်ကြောင်း ရုရှားသမ္မတပူတင်အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူများကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူပေါင်း (၁၃)ဦးကို သေဆုံးစေတဲ့တိုက်ခိုက်မှုနဲ့ဆက်နွယ်သူ (၂)ဦးအား အီရန်အာဏာပိုင်တွေ သေဒဏ်အပြစ်ပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း