လူပေါင်း (၁၃)ဦးကို သေဆုံးစေတဲ့တိုက်ခိုက်မှုနဲ့ဆက်နွယ်သူ (၂)ဦးအား အီရန်အာဏာပိုင်တွေ သေဒဏ်အပြစ်ပေး
ဂျန်ဇက် (NSS) - ဇူလိုင် ၉
အီရန် အစိုးရဟာ ရှီယိုက်ဘာသာရေးကျောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး လူ နှစ်ဦးကို သေဒဏ်ပေးလိုက်ကြောင်းသိရပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက သေဒဏ်ပေးမှုကို ရုတ်သိမ်းဖို့တောင်းဆိုမှုတွေရှိနေချိန်မှာပဲ အီရန်အစိုးရဟာ ပြစ်မှုကျူးလွန်သူများကို သေဒဏ်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လက ရှီယိုက်ဘာသာရေးကျောင်း တိုက်ခိုက်ခံရပြီးနောက် အနည်းဆုံးလူ (၁၃)ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အစ္စလာမ် အစွန်းရောက်အဖွဲ့ Islamic State က သတင်းထုတ်ပြန်ထားပါတယ်။
သေဒဏ်အပေးခံရသူနှစ်ဦးက ၎င်းတို့ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံရှိ အစ္စလာမ်အစွန်းရောက်အဖွဲ့နဲ့ ဆက်သွယ်ပြီး ရှီရက်မြို့ရှိ ရှီယိုက်ဘာသာရေးကျောင်းတိုက်ခိုက်ခံရအောင်ကူညီပေးခဲ့တယ်လို့ ဝန်ခံထားပါတယ်။ အီရန်အစိုးရတာဝန်ရှိသူတွေဟာ အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံသားနှစ်ဦးကို ရှီရက်မြို့တောင်ပိုင်းမှာ အာရုဏ်တက်ချိန်ကြိုးပေးကာ သေဒဏ်အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ CCTV မှတ်တမ်းထဲမှာ ရှီယိုက် ဘာသာရေးကျောင်းကိုတိုက်ခိုက်ခဲ့သူတွေဟာ ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ပြီး ဘုရားကျောင်းအတွင်းဝင်ရောက်ကာ ဝတ်ပြုနေသူတွေကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။
ပစ်ခတ်မှုကို အဓိကကျူးလွန်သူဟာ တာဂျစ်ကစ္စတန် နိုင်ငံသားဖြစ်ပြီး ဒဏ်ရာများရကာ ဆေးရုံမှာသေ ဆုံးခဲ့ကြောင်း အီရန်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ အစ္စလာမစ်အစွန်းရောက်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများရဲ့လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိနေပြီး အီရန်လွှတ်တော်အဆောက်အဦးနဲ့ အယာတိုလာခိုမေနီ သင်္ချိုင်းကို ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ဖူးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြုပြင်နေဆဲ ကျုံအိတ်တံတားကို KNLA၊ PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် (၃)ကြိမ်မြောက် ထပ်မံဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ သားအမိ(၂) ဦး ထိခိုက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း