ကုလအနေဖြင့် လူသားဆန်မှုနှင့် ကြားနေအခြေခံမူများကိုမကျင့်သုံးဘဲ လူ့အခွင့်အရေး အရေခြုံကာ နိုင်ငံရေး သွတ်သွင်းနေဟု နစကတုံ့ပြန်
NSS - ဇူလိုင် ၈
ကုလသမဂ္ဂအနေဖြင့် လူသားဆန်မှုနှင့် ကြားနေအခြေခံမူများကို မကျင့်သုံးဘဲ လူ့အခွင့်အရေး အရေခြုံကာ နိုင်ငံရေးသွတ်သွင်းနေကြောင်း နစကဘက်က ပြန်လည်တုံ့ပြန်လိုက်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကာလ ဇူလိုင် ၆ ရက်တွင် လူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီး Volker Turk ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးခြင်းကို မြန်မာနိုင်ငံ မပါဝင်ဘဲ ကျင်းပခဲ့ကြောင်း သိရသည်။
အစီရင်ခံစာရေးသားသူနှင့် ၎င်းလုပ်ပိုင်ခွင့်ကို ဖန်တီးသည့်နိုင်ငံများသည် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းမရှိဘဲ အမှန်တရားကို မျက်ကွယ်ပြု ကာ နိုင်ငံအတွင်း၌ စိတ်ဝမ်းကွဲပြားမှုများကို ဖန်တီးနေကြောင်းနှင့် တည်ငြိမ်မှုကို နှောင့်ယှက်နေကြောင်း နစကမှ တုံ့ပြန်ထားသည်။
ထို့ပြင် အစီရင်ခံစာ၌ မြန်မာအစိုးရက ပေးပို့ခဲ့သည့် အချက်အလက်များကို ချန်လှပ်ထားကြောင်းလည်း နစက၏ တုံ့ပြန်ချက်တွင် ဖော်ပြထားသည်။
၂ဝ၂၁ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ အပါအဝင် သံရုံးများကို (၆၂) ကြိမ်၊ ကု လသမဂ္ဂအဖွဲ့အစည်းများကို (၄၆)ကြိမ်နှင့် AHA Center နှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များကို (၁၀)ကြိမ် ခရီးသွားခွင့်ပြုချက်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါအချက်အလက်များကို မြန်မာအစိုးရက ပေးပို့ခဲ့သော်လည်း အစီရင်ခံစာ၌ ချန်လှပ်ခဲ့ခြင်းဖြစ်သည် အစီရင်ခံစာ ရေးသားသူ၏ ဘက်လိုက်မှုနှင့် သမာသမတ်မကျမှုကို ပိုမိုထင်ရှားစေကြောင်းလည်း နစကမှ ဆိုထားသည်။
ထို့ပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တတိယလှိုင်းကာလ၌ ကုလသမဂ္ဂအနေဖြင့် အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းသည် မြန်မာနိုင်ငံသို့ ကာကွယ်ဆေးပံ့ပိုးခြင်း လုံးဝမရှိခဲ့ကြောင်းနှင့် ၎င်းအပြုအမှုများသည် လူသား ဆန်မှု၊ ကြားနေမှု၊ ဘတ်မလိုက်မှုနှင့် လွတ်လပ်မှုစသည့်အခြေခံမူများကို ကျင့်သုံးရသော ကုလသမဂ္ဂအနေဖြင့် လက်တွေ့၌ ကျင့်သုံးမှုမရှိ ကြောင်း ထင်ရှားစွာသက်သေပြနေသည်ဟုလည်း တုံ့ပြန်ထားသည်။
ဆက်လက်ပြီး အစီရင်ခံစာ၌ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသူများနှင့် ဆရာဝန် များကို ပစ်မှတ်ထားနေကြောင်း စွပ်စွဲထားမှုသည် ကျန်းမာရေးဝန်ထမ်းများအပေါ် NUG နှင့် PDF အဖွဲ့များ၏ လူမဆန်သည့် တိုက် ခိုက်မှုများကိုလည်း လျစ်လျူရှုထားကြောင်း နစကမှ ဆိုသည်။
PDF အဖွဲ့များက ကလေးငယ် (၂ဝ၂) ဦး၊ ဆရာ/ဆရာမ (၈ဝ)ဦး၊ သံဃာ (၇၄)ပါး၊ ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူး (၈၂၅)ဦး စုစုပေါင်း အပြစ်မဲ့ပြည်သူ (၆ဝ၉၁)ဦးကို သတ်ဖြတ်ခဲ့သည့် ခိုင်လုံသောအထောက်အထားများ ရှိသော် လည်း ၎င်းလုပ်ရပ်များနှင့်စပ်လျဉ်း၍ အစီရင်ခံစာ၌ တစ်ကြောင်းတစ်လေမျှပင် ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု နစကမှ တုံ့ပြန်ထားသည်။
ထို့ကြောင့် လူ့အခွင့်အရေး အရေခြံကာ နိုင်ငံရေးသွတ်သွင်းထားသော သုံးသပ်ချက်များအပေါ် အခြေခံသည့် ဝင်ရောက်စွက်ဖက်သော အကြံပြုချက်များနှင့် အစီရင်ခံစာကို မြန်မာနိုင်ငံက ပယ်ချသည်ဟုလည်း တုံ့ပြန်ထား သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေး သက်သက်သာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်ခြင်းမရှိသည့်အတွက် လုံခြုံရေးကောင်စီနှင့်အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး ရည်ညွှန်းချက်များကိုလည်း ပြင်းထန်စွာ ဆန့်ကျင်ကြောင်း နစကမှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၁၃ ကြိမ်မြောက် သက်ကြီးလူရွှင်တော်ကန်တော့ပွဲအခမ်းအနား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ