ပုဒ်မ ၅ဝ၅ ဖြင့် ဖမ်းဆီးခံခဲ့ရသော အဆိုတော်မေလသံစဉ်၊ သရုပ်ဆောင် မေပန်းချီနှင့် အနုပညာရှင်အချို့ (၃)လ နီးပါးအကြာ၌ ပြန်လည်လွတ်မြောက်လာ
NP News - ဇူလိုင် ၈
ပုဒ်မ ၅ဝ၅ (က)ဖြင့် ဖမ်းဆီးခံခဲ့ရသော လူငယ်အဆိုတော် မေလသံစဉ်နှင့် အနုပညာရှင်အချို့သည် (၃)လနီးပါး အကြာ၌ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
မေလသံစဉ်၊ ရွှေရည်သိန်းတန်၊ မေပန်းချီ၊ မြတ်သူသူ နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေတို့သည် ယမန်နေ့ (ဇူလိုင် ၇ ရက်) တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
အထက်ပါအနုပညာရှင်များသည် ပြီးခဲ့သော ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင်၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၌ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများ၌ ရေးသား ပြုမူခဲ့မှုများနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့် တရားစွဲခံခဲ့ရကြောင်း သိရသည်။
အဆိုတော်မေလသံစဉ် အပါအဝင် အနုပညာရှင်အချို့နှင့် သတင်းစာဆရာဦးကျော်မင်းဆွေတို့သည် ဧပြီ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကဲ့သို့ ဖမ်းဆီးခံခဲ့ရသူများအနက်တွင် သရုပ်ဆောင်မေပန်းချီသည် ပြီးခဲ့သော ဇွန် ၇ ရက်နေ့တွင် စစ်ခုံရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခြင်းခံခဲ့ရသည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရပြီးနောက် (၃)လနီးပါးအကြာ ယမန်နေ့(ဇူလိုင် ၇ ရက်) တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း အနုပညာရှင်အချို့က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများ၌ အသိပေးပြေဆိုထားသည်ကို တွေ့ရှိရသည်။
ယနေ့(ဇူလိုင် ၈ ရက်) တွင် အဆိုတော်မေလသံစဉ် နှင့် သရုပ်ဆောင် မေပန်းချီတို့သည် ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာကို ပြန်လည်အသုံးကာ အသိပေးထားကြောင်း တွေ့ရှိရပြီး ပရိတ်သတ်များကလည်း ဝမ်းသာကြိုဆိုကြောင်း မှတ်ချက်ပြုရေးသားနေကြသည်ကို တွေ့ရှိရသည်။
လက်ရှိတွင် အဆိုတော် မေလသံစဉ် အပါအဝင် အနုပညာရှင်အချို့နှင့် သတင်းစာရာဦးကျော်မင်းဆွေတို့ကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းများကလည်း အသိပေးပြောထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိဘဏ္ဍာနှစ်မှာ စက်မှုကုန်ချောတင်ပို့မှုကနေ ဒေါ်လာသန်း ၁၇ဝဝ ကျော်ရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ