အမြန်လမ်းတွင် စစ်ထောက်ချုပ် လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ သတင်းမှားသာဖြစ်ဟုဆို
အမြန်လမ်းတွင် စစ်ထောက်ချုပ် လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ သတင်းမှားသာဖြစ်ဟုဆို
NSS - ဇူလိုင် ၇
နေပြည်တော်-ရန်ကုန် အမြန်လမ်းတွင် စစ်ထောက်ချုပ်လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ သတင်းမှားသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဇူလိုင် ၇ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်-ရန်ကုန် အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံအနီးတွင် စစ်ထောက်ချုပ်နှင့် စစ်တပ်အရာရှိကြီးများ လိုက်ပါလာသည့် ယာဉ်တန်းအား ဇူလိုင်လ ၇ ရက် နံနက် ၉နာရီအချိန်ခန့်တွင် PDF အဖွဲ့က စောင့်ကြိုကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်တွင် သတင်းမှားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် PDF အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများရှိခဲ့ကာ အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သတင်းမှားများ ရေးသားဖော်ပြခဲ့ကြသည်။
ယင်းကဲ့သို့ သတင်းမှားရေးသားနေမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က “နေပြည်တော်-ရန်ကုန် အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံအနီးတွင် နေပြည်တော်မှ ထွက်ခွာလာသော ယာဉ်တန်းအား PDF အမည်ခံ အကြမ်းဖက်သမားများမှ တိုက်ခိုက်ခဲ့ကြောင်း Mizzima မှ သတင်းအမှား ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် လက်ရှိ နေပြည်တော်၌ မာရသိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ပူဇော်တည်ဆောက်ရေးလုပ်ငန်းများအား အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းမှန် ပြန်ကြားအပ်ပါသည်” ဟု တုန့်ပြန်ရေးသား ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် PDF အဖွဲ့က နေပြည်တော်-ရန်ကုန် အမြန်လမ်းအပါအဝင် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ် အတွင်းရှိ ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုရန် ထုတ်ပြန်မှုများရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MOGE ထဲမှာ နိုင်ငံသစ္စာဖောက် ဝန်ထမ်းတွေရှိသလား၊ မြန်မာ့အကြပ်အတည်းရဲ့ထွက်ပေါက်လမ်းကြောင်းကိုပြောလာတဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး၊ သံတမန်တွေကို ခေါ်ရှင်းပြတဲ့ပွဲ (၇-၇.-၂ဝ၂၃)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ