မြန်မာ နှင့် ကာတာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ ပြန်လည် ပျံသန်းပြေးဆွဲရေး နှစ်နိုင်ငံဆွေးနွေး
ယွန်း (NSS) - ဇူလိုင် ၇
မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ ပြန်လည် ပျံသန်းပြေးဆွဲနိုင်ရေး နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဇူလိုင်လ(၆)ရက်တွင် ကာတာသံရုံးယာယီတာဝန်ခံ မစ္စတာ ရာရှစ် အက်ဘ်ဒူလာ အမ်.အေ. အယ်လ်-ကူဝါရီနှင့် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဥ် မြန်မာ-ကာတာနှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးတိုးတက်ခိုင်မာစေရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနှင့် ကာတာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းပြေးဆွဲသွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်ရန်အတွက် နားလည်မှု စာချွန်လွှာများ၊ သဘောတူစာချုပ်များရေးထိုးသွားရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာ့လယ်ယာနှင့် ရေထွက်ထုတ်ကုန်များ တင်ပို့ရေး အပါအဝင် နှစ်နိုင်ငံအကြား စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတိုးမြှင့်သွားရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကာတာနိုင်ငံမှ ကာတာလေကြောင်းလိုင်းသည် ၂ဝဝ၅ ခုနှစ်မှစတင်ကာ ၂ဝဝ၈ ခုနှစ် ဇန်နဝါ ရီလအထိ မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခဲ့ပြီး ယင်းနောက်တွင် လေကြောင်းပျံသန်းမှုကို ရပ်နားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယအကြိမ်ပျံသန်းမှုအဖြစ် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်စတင် ခဲ့ပြီး ကိုဗစ်ကပ်ရောဂါများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပျံသန်းမှုများကို ထပ်မံရပ်နားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲမသမာမှုနှင့် ဆက်စပ်သည့် မတည်ငြိမ်မှုများ အပြင် သတင်းမီဒီယာစစ်ပွဲဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရဟုဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း