ကျောက်တံခါးမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone ဖြင့် ဗုံးများပစ်ချတိုက်ခိုက်
NSS - ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone ဖြင့် ဗုံးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၂ ရက်)၊ ည ၉နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ ဒိုးတန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါစာသင်ကျောင်းပေါ်သို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြုကာ ဗုံးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်း၏ အမိုး၊ ကြမ်းခင်း၊ ကျောင်းနံရံများနှင့် ကျောင်းဆောင်အတွင်း သွယ်တန်းထားသော မီးကြိုးများပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)၏ (၁၃)ကြိမ်မြောက် သက်ကြီးပူဇော်ကန်တော့ပွဲကို နေပြည်တော်၌ကျင်းပ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း