ရုရှားနိုင်ငံဆိုင်ရာ ဖင်လန်သံတမန်တွေ နှင်ထုတ်မှုနဲ့အတူ ဖင်လန်ကောင်စစ်ဝန်ရုံးကို ပိတ်သွားမှာဖြစ်ကြောင်း ရုရှားအစိုးရ ကြေညာ
ဂျန်ဇက် (NP News) - ဇူလိုင် ၇
ရုရှားနိုင်ငံ စိန့်ပီတာဘရက်မြို့ရှိ ဖင်လန်ကောင်စစ်ဝန်ရုံးကို ပိတ်ပင်သွားမှာဖြစ်သလို ရုရှားနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး ၉ ဦးကိုလည်း နိုင်ငံအတွင်းကနေ နှင်ထုတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ရုရှားနိုင်ငံအတွင်းရှိ ဖင်လန်ကောင်စစ်ဝန်ရုံးရဲ့လုပ်ငန်းဆောင်တာတွေဟာ လာမယ့်အောက်တိုဘာ ၁ ရက်က စတင်ပြီး ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဖင်လန်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖင်လန်နိုင်ငံဆိုင်ရာ ရုရှားသံတမန် ၉ ဦးကို ထောက်လှမ်းရေး သတင်းအချက်အလက်များ ရယူနေ တယ်လို့ စွပ်စွဲပြီး နိုင်ငံအတွင်းကနေ နှင်ထုတ်ခဲ့ဖူးကြောင်း သိရပါတယ်။
ရုရှားဟာ ဖင်လန်အစိုးရရဲ့လုပ်ရပ်ကို လက်တုံ့ပြန်မှုအဖြစ် ရုရှားနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဖင်လန်သံတမန် ၉ ဦးကို မိခင်နိုင်ငံကို ပြန်ပို့ဖို့နဲ့ ကောင်စစ်ဝန်ရုံးပိတ်ဖို့ အသိပေးခဲ့ကြောင်း သိရပါတယ်။
ရုရှားအစိုးရဟာ ဖင်လန်သံမတ်ကြီးကို ဆင့်ခေါ်သတိပေးချိန်အတွင်း နေတိုးမဟာမိတ်အုပ်စုကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ဖင်လန်အစိုးရရဲ့လုပ်ရပ်တွေက ရုရှားနိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သတိပေး ခဲ့ပါတယ်။ ဖင်လန်နိုင်ငံဟာ ရုရှားနိုင်ငံ နဲ့ နယ်နိမိတ် ကီလိုမီတာ ၁၃ဝဝ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ကြောင်း သိရပါတယ်။
ဖင်လန်အစိုးရဟာ ကာလအတန်ကြာ ရပ်တည်လာခဲ့တဲ့ဘက်မလိုက်မှုကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ဦးဆောင်တဲ့နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ဖို့ ဒီနှစ်အတွင်းအရှိန်မြင့် ကြိုးပမ်းလာနေကြောင်း သိရပါတယ်။ ဖင်လန်အစိုးရဟာ နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုတွေနဲ့ နှစ်နိုင်ငံကြားဆက်သွယ်ဆောင်ရွက်မှုများကိုလည်း အဟန့်တားလုပ်ဆောင်ခဲ့ကြောင်း၊ ဒါအ့ပြင် ရုရှားသံတမန်တွေရဲ့ပုံမှန်ဆောင်ရွက်မှုတွေကို ဟန့်တားမှုတွေရှိနေကြောင်း ရုရှားအစိုးရက ပြောပါတယ်။
ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံများနဲ့ ရုရှားနိုင်ငံကြား သံရုံးတွေ အပြန်အလှန်ပိတ်ပစ်ခြင်း၊ သံတမန်တွေ အပြန်အလှန်နှင်ထုတ်ခြင်းများ ရှိခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစိုးရအနေဖြင့် ပြည်သူများအား ကာကွယ်ရန် PDF အကြမ်းဖက်များကို တုံ့ပြန်ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ