ဘာစီလိုနာနည်းပြဟောင်းက လူးဝစ်အမ်းရစ်ချ်ကို နည်းပြသစ် ခန့်အပ်လိုက်သော ပီအက်စ်ဂျီအသင်း
Pika (NSS) - ဇူလိုင် ၆
ပီအက်စ်ဂျီအသင်းသည် ဘာစီလိုနာ အသင်းနည်းပြဟောင်း လူးဝစ်အမ်းရစ်ချ်ကို (၂)နှစ်သက်တမ်းရှိ သဘောတူ စာချုပ်ဖြင့် နည်းပြသစ်ခန့်အပ်လိုက်ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည့် ပြီးခဲ့သည့်သီတင်းပတ်တွင် နည်းပြဟောင်း ခရစ်စတိုဖီဂယ်လ်တီးယားနှင့် စာချုပ် ဖျက်သိမ်းရန် သဘောတူညီမှုရရှိခဲ့ပြီးနောက်မကြာမီ လူးဝစ်အမ်းရစ်ချ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။
ထို့အပြင် လူးဝစ်အမ်းရစ်ချ်သည် ပီအက်စ်ဂျီအသင်းကို အကောင်းဆုံးဖြစ်အောင် တာဝန်ယူပေးနိုင်မည့် နည်းပြသစ် တစ်ဦးဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ခရစ်စတိုဖီဂယ်လ်တီးယားသည် ပီအက်စ်ဂျီအသင်းတွင် ရှိနေချိန်အတွင်း လီဂူးဝမ်းဆုဖလားကို ဆွတ်ခူးနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
နည်းပြသစ် လူးဝစ်အမ်းရစ်ချ်သည် လီဂူးဝမ်းဆုဖလားကို ဆွတ်ခူးနိုင်ရန်အတွက် ၎င်း၏အသင်းကို အကောင်းဆုံး ပုံစံဖြင့် ကစားနိုင်ရန် ပြောင်းလဲပေးသွားနိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း သိရသည်။ လူးဝစ်အမ်းရစ်ချ် သည် ဘာစီလိုနာအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သည့်အချိန်အတွင်း (၂ဝ၁၄-၂ဝ၁၅) ခုနှစ် ရာသီတွင် ဆုဖလား သုံးလုံးရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၎င်းသည် ဘာစီလိုနာအသင်းနည်းပြအဖြစ် တာဝန်ယူစဉ်အချိန်အတွင်း ဆုဖလား(၉)လုံးကို ဆွတ်ခူးရရှိခဲ့ပြီး (၂ဝ၁၇) ခုနှစ်တွင် နည်းပြရာထူးမှ နှုတ်ထွက်ခဲ့ကြောင်းသိရသည်။ထို့နောက် လူးဝစ်အမ်းရစ်ချ်သည် စပိန်အသင်း နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ပွဲပေါင်း(၄၄)ပွဲတွင် (၂၄)ပွဲနိုင် (၁၁)ပွဲ သရေကျပြီး (၉)ပွဲသာရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့လယ်ယာထွက်ကုန်များ ဝယ်ယူရန် ကိုရီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာလတွင် လာရောက်ရန်ရှိ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း