ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်နှင့် KIA ၏ တပ်ရင်းများ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှုများရှိနေ
NP News - ဇန်နဝါရီ ၁၁
ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်နှင့် ကချင်အဖွဲ့ (KIA) ၏ လက်အောက်ခံတပ်ရင်းများမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ချင်းအမျိုးသားတပ်ဦး ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို ဇန်နဝါရီလ ၁ဝ ရက် ၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် တပ်မတော်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း လတ်တလော၌ ချင်းအမျိုးသားတပ်ဦးတပ်ဖွဲ့ဝင် (၅)ဦးသေဆုံးခဲ့ကြောင်း CNF နှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောဆိုထားသည်။
၂ဝ၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟု တပ်မတော်၏ ထုတ်ဖော်ပြောဆိုချက်သည် အလိမ် အညာသက်သက်သာဖြစ်ပြီး ယခုကဲ့သို့လုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချကြောင်းလည်း ချင်းအမျိုးသားတပ်ဦးဘက်က ပြောဆိုထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
အလားတူ ဇန်နဝါရီလ ၉ ရက်တွင်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)၏ တပ်မဟာ (၉) အောက်ရှိ တပ်ရင်း(၃၁) နှင့် တပ်ရင်း(၂၆) တပ်စခန်းများအပါအဝင် တနိုင်းမြို့နယ်အတွင်းရှိ KIA ၏ တပ်ရင်းများကိုလည်း တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း KIA တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားကြသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
တပ်မတော်က ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် ချင်းအမျိုး သားတပ်ဦး(CNF)နှင့် ကချင်အဖွဲ့ KIA တို့က တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများလည်း ဖြစ်သည်။
နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့လည်း မတက်ရောက်နိုင်ကြောင်း CNF နှင့် KIA တို့က ငြင်းဆိုထားကြသည်။
zawgyi version
ခ်င္းအမ်ိဳးသားတပ္ဦး(CNF) ဌာနခ်ဳပ္ႏွင့္ KIA ၏ တပ္ရင္းမ်ား ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခံရကာ ထိခိုက္ေသဆုံးမႈမ်ားရွိေန
NP News - ဇန္နဝါရီ ၁၁
ခ်င္းအမ်ိဳးသားတပ္ဦး(CNF) ဌာနခ်ဳပ္ႏွင့္ ကခ်င္အဖြဲ႕ (KIA) ၏ လက္ေအာက္ခံတပ္ရင္းမ်ားမွာ ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခံခဲ့ရၿပီး ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ခ်င္းအမ်ိဳးသားတပ္ဦး ဌာနခ်ဳပ္တည္ရွိရာ Camp Victoria စခန္းကို ဇန္နဝါရီလ ၁ဝ ရက္ ၊ ညေန ၄ နာရီခြဲအခ်ိန္ခန႔္တြင္ တပ္မေတာ္က ေလေၾကာင္းမွတစ္ဆင့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဗုံးႀကဲတိုက္ခိုက္ခံရမႈျဖစ္စဥ္အတြင္း လတ္တေလာ၌ ခ်င္းအမ်ိဳးသားတပ္ဦးတပ္ဖြဲ႕ဝင္ (၅)ဦးေသဆုံးခဲ့ေၾကာင္း CNF ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္မ်ားက ထုတ္ေဖာ္ေျပာဆိုထားသည္။
၂ဝ၂၃ ခုႏွစ္ကုန္အထိ အပစ္အခတ္ရပ္စဲမည္ဟု တပ္မေတာ္၏ ထုတ္ေဖာ္ေျပာဆိုခ်က္သည္ အလိမ္ အညာသက္သက္သာျဖစ္ၿပီး ယခုကဲ့သို႔လုပ္ရပ္အေပၚ ျပင္းထန္စြာရႈံ႕ခ်ေၾကာင္းလည္း ခ်င္းအမ်ိဳးသားတပ္ဦးဘက္က ေျပာဆိုထားသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က တစ္စုံတစ္ရာထုတ္ျပန္ေျပာဆိုျခင္းမ်ိဳး မေတြ႕ရေသးေပ။
အလားတူ ဇန္နဝါရီလ ၉ ရက္တြင္လည္း ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIA)၏ တပ္မဟာ (၉) ေအာက္ရွိ တပ္ရင္း(၃၁) ႏွင့္ တပ္ရင္း(၂၆) တပ္စခန္းမ်ားအပါအဝင္ တႏိုင္းၿမိဳ႕နယ္အတြင္းရွိ KIA ၏ တပ္ရင္းမ်ားကိုလည္း တပ္မေတာ္က ေလေၾကာင္းျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဗုံးႀကဲတိုက္ခိုက္မႈျဖစ္စဥ္အတြင္း KIA တပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း ေဒသတြင္း သတင္းမ်ားက ေဖာ္ျပထားၾကသည္။ အဆိုပါ ဗုံးႀကဲတိုက္ခိုက္မႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ နစကဘက္က တစ္စုံတစ္ရာထုတ္ျပန္ေျပာဆိုျခင္းမ်ိဳး မေတြ႕ရေသးေပ။
တပ္မေတာ္က ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္ ခ်င္းအမ်ိဳး သားတပ္ဦး(CNF)ႏွင့္ ကခ်င္အဖြဲ႕ KIA တို႔က ေတာ္လွန္တိုက္ခိုက္ေနသည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားလည္း ျဖစ္သည္။
နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚခဲ့ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔လည္း မတက္ေရာက္ႏိုင္ေၾကာင္း CNF ႏွင့္ KIA တို႔က ျငင္းဆိုထားၾကသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ရေး မူဝါဒနှင့် ပတ်သက်၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ