မင်္ဂလာဒုံမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၅
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ဇေကမ္ဘာဝန်းရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များမှသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၄ ရက်)၊ ညနေ ၆နာရီ ၄ဝမိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်း၊ ရန်ကုန်စက်မှုဇုန်၊ ဇေကမ္ဘာ(၇)လမ်းရှိ အထည်ချုပ်စက်ရုံတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သော အထည်ချုပ်စက်ရုံသည် တရုတ်နိုင်ငံသားပိုင် Great Glowing Garment အထည်ချုပ်စက်ရုံဖြစ်ကြောင်း သိရသည်။
အထည်ချုပ်စက်ရုံမီးလောင်မှုဖြစ်စဉ်အား Level 2 အဆင့်သတ်မှတ်ကာ မီးသတ်ယာဉ်အစီး (၂ဝ)ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ည ၇နာရီ ၂၃မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း စက်ရုံတွင်းရှိ ပစ္စည်းအများအပြားမီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၁၅)နှစ်နှင့်အထက် အမျိုးသမီးများသည် စာပေတတ်မြောက်မှုနှုန်းနှင့် လုပ်သားအင်အားပါဝင်မှုနှုန်းတွင် အမျိုးသားများထက် လျော့နည်းနေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း