နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို ခန့်အပ်ကာ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ကြောင်းကြေညာ
မျိုးကြီး (NSS) - ဇူလိုင် ၅
နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို ခန့်အပ်ကာ ပြည်ထောင်စုဝန်ကြီးအဆင့်သတ်မှတ် တာဝန်ပေးလိုက်ကြောင်း နစကမှ ကြေညာထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောအား ယနေ့ (ဇူလိုင်လ ၅ ရက်)တွင် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစကမှ ကြေညာထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယဗိုလ်ချုပ်ကြီးညိုစောအား နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်၍ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးလိုက်ကြောင်း နစက၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ ခံစားခွင့်ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမည်ဟုလည်း နစက၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီတွင် ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူတစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် စစ်တက္ကသိုလ်အမှတ်စဉ် (၂၃) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်တက္ကသိုလ်များတွင် ကျောင်းအုပ်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင်လည်း တိုင်းမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။
လက်ရှိ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နစကဗဟိုအကြံပေးအဖွဲ့ကို အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပမှ (၂၄) နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ