အကြမ်းဖက်မှုများနှင့်လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ်နေပြီဟု နစကဥက္ကဋ္ဌ ဖွင့်ဟပြောဆို
မျိုးကြီး (NP News) - ဇန်နဝါရီ ၁ဝ
လက်ရှိ အကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ် တန့်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်ဟပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဇန်နဝါရီလ ၁ဝ ရက်)တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
ကချင်ပြည်နယ်သည် ယနေ့ထက်တိုင် ကာလကြာရှည်စွာ လက်နက်ကိုင်ပဋိပက္ခများကြောင့် သဘာဝအလှအပများကို မခံစားနိုင်၊ သယံဇာတများကိုလည်း ပြည် နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးမပြုနိုင်ဘဲဖြစ်နေရကြောင်း ၎င်းက ဆိုသည်။
ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစကအကြီးအကဲက ပြောသည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အ စည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ပြီး နိုင်ငံတော်အကျိုးအတွက် တူညီသောစိတ်ဆန္ဒများရှိရန် လိုအပ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြု ထားသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု မရှိပါက ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့သည် အလှမ်းဝေးနေဆဲသာဖြစ်သည်ကို အားလုံးသိရှိကြပြီး ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ကြောင့် လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန်လိုအပ်နေပြီဖြစ်ကြောင်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်ဟ အသိပေးထားသည်။ ကချင်ပြည်နယ်အတွင်း ပြီးခဲ့သော ကာလများ၌ တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ဖြစ်သော KIA၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကာ နှစ်ဖက်အကြားတွင်လည်း အများအပြားထိခိုက်သေ ဆုံးမှုများရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အရပ်သားများထိခိုက်သေဆုံးမှု၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ်များလည်း များစွာဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရသည်။
zawgyi version
အၾကမ္းဖက္မႈမ်ားႏွင့္လက္နက္ကိုင္တိုက္ခိုက္မႈမ်ားကို ေလွ်ာ့ခ်ၿပီး ရပ္တန႔္ၾကရန္ လိုအပ္ေနၿပီဟု နစကဥကၠ႒ ဖြင့္ဟေျပာဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁ဝ
လက္ရွိ အၾကမ္းဖက္မႈမ်ားႏွင့္ လက္နက္ကိုင္တိုက္ခိုက္မႈမ်ားကို ေလွ်ာ့ခ်ၿပီး ရပ္ တန႔္ၾကရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဖြင့္ဟေျပာဆိုလိုက္သည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (ဇန္နဝါရီလ ၁ဝ ရက္)တြင္ က်ေရာက္ေသာ (၇၅)ႏွစ္ေျမာက္ စိန္ရတုကခ်င္ျပည္နယ္ေန႔အခမ္းအနားသို႔ သဝဏ္လႊာေပးပို႔ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။
ကခ်င္ျပည္နယ္သည္ ယေန႔ထက္တိုင္ ကာလၾကာရွည္စြာ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ သဘာဝအလွအပမ်ားကို မခံစားႏိုင္၊ သယံဇာတမ်ားကိုလည္း ျပည္ နယ္ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ ထိေရာက္စြာ အသုံးမျပဳႏိုင္ဘဲျဖစ္ေနရေၾကာင္း ၎ က ဆိုသည္။
ျပည္နယ္ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းၿပီး တရားဥပေဒစိုးမိုးမႈရွိမွသာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း နစကအႀကီးအကဲက ေျပာသည္။
ထို႔ျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေရးအတြက္ သက္ဆိုင္ရာအဖြဲ႕အ စည္းမ်ား၊ သက္ဆိုင္သူမ်ားအေနျဖင့္ သေဘာထားမွန္ကန္ၿပီး ႏိုင္ငံေတာ္အက်ိဳးအတြက္ တူညီေသာစိတ္ဆႏၵမ်ားရွိရန္ လိုအပ္ေၾကာင္းလည္း ၎က မွတ္ခ်က္ျပဳ ထားသည္။ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈ မရွိပါက ဆက္လက္လုပ္ေဆာင္ရမည့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံေသာ ျပည္ေထာင္စုတည္ေဆာက္ေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈတို႔သည္ အလွမ္းေဝးေနဆဲသာျဖစ္သည္ကို အားလုံးသိရွိၾကၿပီး ျဖစ္ ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ေၾကာင့္ လက္ရွိအၾကမ္းဖက္မႈမ်ားႏွင့္ လက္နက္ကိုင္တိုက္ခိုက္မႈမ်ားကို ေလွ်ာ့ခ်ၿပီး ရပ္တန႔္ၾကရန္လိုအပ္ေနၿပီျဖစ္ေၾကာင္း နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဖြင့္ဟ အသိေပးထားသည္။
ကခ်င္ျပည္နယ္အတြင္း ၿပီးခဲ့ေသာ ကာလမ်ား၌ တပ္မေတာ္ႏွင့္ ကခ်င္လက္ နက္ကိုင္အဖြဲ႕ျဖစ္ေသာ KIA၊ PDF ပူးေပါင္းအဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ားအျပင္းအထန္ျဖစ္ပြားခဲ့သည္ကို ေတြ႕ရွိရကာ ႏွစ္ဖက္အၾကားတြင္လည္း အမ်ားအျပားထိခိုက္ေသ ဆုံးမႈမ်ားရွိခဲ့သည္ကို ေတြ႕ရွိခဲ့ရသည္။
လက္ရွိ ျမန္မာႏိုင္ငံအတြင္း၌ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္ႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားမွာ ဆက္လက္ျဖစ္ပြားလ်က္ရွိၿပီး အရပ္သားမ်ားထိခိုက္ေသဆုံးမႈ၊ ေက်း႐ြာမ်ား မီးရႈိ႕ဖ်က္ဆီးခံရမႈျဖစ္စဥ္မ်ားလည္း မ်ားစြာျဖစ္ပြားလ်က္ရွိသည္ကို ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံသားစိစစ်ရေးကတ်ပြားကို smart card ဖြင့် ထုတ်ပေးနိုင်ရေး ပြင်ဆင်နေဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ