လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် (၂)နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ရွာသား (၈)ဦး ထိခိုက်ဒဏ်ရာရရှိမှု ပဲခူးတိုင်းအတွင်း ဖြစ်ပွား
NP News - ဇန်နဝါရီ ၁ဝ
ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ အပါ အဝင် Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရွာသား (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၈)ရက်၊ နံနက်(၅)နာရီခွဲအချိန်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။
ကျောက်ကြီးမြို့ပေါ်ရှိ ကျေးရွာများပေါ်သို့ PDF များက နံနက်(၅)နာရီခွဲအချိန်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
အဆိုပါ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များနှင့် Drop Bomb များသည် လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား(၄)ဦးနှင့် အမျိုးသ မီး(၄)ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ကျောက်ကြီးမြို့ရှိ ကျေးရွာများအတွင်း နေထိုင်သူများဖြစ်သည့် ဒေါ်အုန်းကြည်(၅ဝ)နှစ်၊ ဦးစိုးထိုက်ဦး(၃၉)နှစ်၊ ဒေါ်ရွှေရုပ်လွှာ၊ ဒေါ်ကြူကြူမာ(၃၉)နှစ်၊ မောင်ရဲရင့်ဖြိုးပိုင်(၅)နှစ်၊ ကိုအောင်ကိုဝင်း(၃၈)နှစ်၊ မောင်ရွှေထူး(၂)နှစ်နှင့် ဒေါ်စံပယ်ဦး(၂၅)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရန် နတ်သံကွင်းတိုက်နယ်ဆေးရုံနှင့် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ (၂)ႏွစ္အ႐ြယ္ကေလးတစ္ဦး အပါအဝင္ ႐ြာသား (၈)ဦး ထိခိုက္ဒဏ္ရာရရွိမႈ ပဲခူးတိုင္းအတြင္း ျဖစ္ပြား
NP News - ဇန္နဝါရီ ၁ဝ
ပဲခူးတိုင္းအတြင္းရွိ ေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား အပါ အဝင္ Drop Bomb မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ ႐ြာသား (၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၈)ရက္၊ နံနက္(၅)နာရီခြဲအခ်ိန္တြင္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။ ေက်ာက္ႀကီးၿမိဳ႕ေပၚရွိ ေက်း႐ြာမ်ားေပၚသို႔ PDF မ်ားက နံနက္(၅)နာရီခြဲအခ်ိန္မွစ၍ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား၊ Drop Bomb မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ ခိုက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
အဆိုပါ လက္နက္ႀကီး၊ လက္နက္ငယ္က်ည္မ်ားႏွင့္ Drop Bomb မ်ားသည္ လူေနရပ္ကြက္မ်ားအတြင္း က်ေရာက္ေပါက္ကြဲခဲ့ရာ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသ မီး(၄)ဦးတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ေၾကာင့္ ေက်ာက္ႀကီးၿမိဳ႕ရွိ ေက်း႐ြာမ်ားအတြင္း ေနထိုင္သူမ်ားျဖစ္သည့္ ေဒၚအုန္းၾကည္(၅ဝ)ႏွစ္၊ ဦးစိုးထိုက္ဦး(၃၉)ႏွစ္၊ ေဒၚေ႐ႊ႐ုပ္လႊာ၊ ေဒၚၾကဴၾကဴမာ(၃၉)ႏွစ္၊ ေမာင္ရဲရင့္ၿဖိဳးပိုင္(၅)ႏွစ္၊ ကိုေအာင္ကိုဝင္း(၃၈)ႏွစ္၊ ေမာင္ေ႐ႊထူး(၂)ႏွစ္ႏွင့္ ေဒၚစံပယ္ဦး(၂၅)ႏွစ္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသႏိုင္ရန္ နတ္သံကြင္းတိုက္နယ္ေဆး႐ုံႏွင့္ ေက်ာက္ႀကီးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုများနှင့်လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ်နေပြီဟု နစကဥက္ကဋ္ဌ ဖွင့်ဟပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း