ကျောက်တန်းမြို့နယ်ရှိ ချည်မျှင်ကုန်ကြမ်းစက်ရုံတွင် (၂)နာရီကြာ မီးလောင်မှုဖြစ်ပွား
ဝမ်ဂီ (NP News) - ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင် ၊ ကျောက်တန်းမြို့နယ်ရှိ သီလဝါစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၉ ရက်)၊ နေ့လည် ၃ နာရီအချိန်ခန့်တွင် သီလဝါစက် မှုဇုန်အတွင်းရှိ ချည်မျှင်ကုန်ကြမ်းစက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သောကရတနာလူမှုကူညီရေးအသင်းထံမှသိရသည်။
“ဖြစ်စဉ်ကတော့ သေချာမသိရပါဘူး။ ထိခိုက်ဒဏ်ရာရရှိသူလည်း မရှိဘူး။ မီးသတ်တွေနဲ့ကူညီပြီး မီးငြှိမ်းပေးခဲ့ပါတယ်။ မီးလောင်တာက ချည်မျှင်ကုန်ကြမ်းစက်ရုံပါ”ဟု သောကရတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုအား လူမှုကူညီရေးအသင်းများနှင့် မီးသတ်ဌာနများမှ ပူးပေါင်း ၍မီးငြှိမ်းသတ်ခဲ့ကြပြီး ညနေ (၅)နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
၎င်းမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးလောင်မှုဖြစ်ပွားရသည့် အကြာင်းအရင်းကိုမသိရသေးသကဲ့သို့ ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုလည်း အတိအကျ မသိရသေးပေ။
zawgyi version
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် (၂)နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ရွာသား (၈)ဦး ထိခိုက်ဒဏ်ရာရရှိမှု ပဲခူးတိုင်းအတွင်း ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း