စစ်တွေတက္ကသိုလ်အနီး၌ လုပ်ကြံခံခဲ့ရသူများသည် ALP ၏ ဒုဥက္ကဋ္ဌနှင့် တပ်ရင်းမှူးတို့ဖြစ်ပြီး AA က ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ဟု ကြေညာ
မျိုးကြီး (NSS) - ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်အနီး၌ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသူများသည် ALP ၏ ဒုဥက္ကဋ္ဌ၊ တပ်ရင်းမှူး နှင့် တပ်သားတို့ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP) က ယနေ့(ဇူလိုင်လ ၂ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။
ALP မှ ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ်(၁ဝ၁)တပ်ရင်းမှ တပ်ရင်းမှူးခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ (၃)ဦးသည် ဇူလိုင်လ ၁ ရက်၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်ကျောင်းရှေ့၌ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
ဒုဥက္ကဋ္ဌ ခိုင်နီရောင် အပါအဝင် (၃)ဦးသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းရုံး၌ အစည်းအဝေးပြုလုပ်ပြီးနောက် ကားဖြင့်ပြန်လာစဉ်အချိန်တွင် အထက်ပါကဲ့သို့ လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ALP မှ ဒုဥက္ကဋ္ဌ ခိုင်နီရောင် အပါအဝင်(၃)ဦးကို ULA/AA က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ရခိုင်လူမျိုးများအကျိုးအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများအချင်းချင်းကြား၌ ULA/AA ၏ ယခုကဲ့သို့ အပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့်မလုပ်အပ်သောအပြုအမူဖြစ်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း ALP ဘက်က ထုတ်ပြန်ထားသည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP က ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုထားမှုနှင့်ပတ်သက်၍ ULA/AA ဘက်က လက်ရှိအချိန်ထိတစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
ယခု ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ စစ်ဦးစီးချုပ်ခိုင်စိုးမြ အပါအဝင် (၃)ဦးသည် စစ်တွေမြို့ပေါ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူး သည်။
ALP ၏ စစ်ဦးစီးချုပ်ခိုင်စိုးမြ အပါအဝင် (၃)ဦးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်သည့် ULA/AA ဘက်က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ALP ဘက်က ထုတ်ပြန်ပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံအား Drone ဖြင့် ဗုံးတစ်လုံးပစ်ချတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးနှင့် ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း