ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်အနီး၌ လူ(၆)ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ (၃)ဦးမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံး
NSS - ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်အနီး၌ အမျိုးသား(၆)ဦးသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ (၃)ဦးမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁ ရက်)၊ နေ့လည် ၁ နာရီကျော်အချိန်ခန့်တွင် စစ်တွေတက္ကသိုလ်အနီးရှိ ကားလမ်းမပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက NP News ကို ပြောသည်။
“ဘယ်လိုဖြစ်တာလဲဆိုတော့ အပစ်ခံရတာပေါ့။ (၆)ယောက်အပစ်ခံရတာ။ (၃)ယောက်သေတယ်။ (၃) ယောက်တော့ အသက်ရှင်သေးတယ်။ စစ်တွေတက္ကသိုလ်ဘေးပေါက်မှာဖြစ်တာ။ မင်းဂံကနေ တက္က သိုလ်ဘက်ကို လာတဲ့လမ်းပေါ့။ စစ်တွေ တက္ကသိုလ်အနီးမှာရှိတဲ့ ကားလမ်းမဘေးမှာ ဖြစ်တာ” ဟု စစ်တွေမြိုခံတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသား(၃)ဦးသည် ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အခင်းဖြစ်ပြီးမှ ရောက်တာဆိုတော့ ဘယ်သူပစ်တယ်။ ဘယ်ဝါပစ်တယ်ဆိုတာ မသိဘူးဗျ။ သေဆုံးတဲ့သူတွေကတော့ ဦးခေါင်းတွေမှာ ကွဲပြဲသွားတာရှိတယ်။ တစ်ချို့ဆိုရင် ဦးနှောက်တွေပါ ပွင့်ထွက်သွားတာရှိတယ်” ဟု စစ်တွေမြိုခံတစ်ဦးက ဆိုသည်။
ထို့ပြင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျန်ရှိသော အမျိုးသား(၃)ဦးသည် ခြေထောက်၌ ထိခိုက်ဒဏ် ရာများရရှိခဲ့ကာ လတ်တလောတွင် ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
၎င်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးထိခိုက်ခဲ့သော အမျိုးသားများသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ အဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသော်လည်း ယင်းအချက်အလက်နှင့်ပတ်သက်၍ NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
NP News အနေဖြင့် အထက်ပါအချက်အလက်နှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် ALP ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းထံသို့ ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်မှု မရရှိသေးပေ။
ယခု ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ စစ်ဦးစီးချုပ်ခိုင်စိုးမြ အပါအဝင် (၃)ဦးသည် စစ်တွေမြို့ပေါ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူး သည်။
ALP ၏ စစ်ဦးစီးချုပ်ခိုင်စိုးမြ အပါအဝင် (၃)ဦးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သည့် ULA/AA ဘက်က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ALP ဘက်က ထုတ်ပြန်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်မြေသာစံမြို့နယ်တွင် အသက် (၂၁)နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း