ထိုင်းလွှတ်တော်အသစ်စတင်ဖို့ ရက်ပိုင်းသာလိုပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ အသစ်နေရာရယူဖို့ ဖြူထိုင်းပါတီ နဲ့ ရှေ့သို့ချီပါတီကြား အပြီးသတ်သဘောတူညီမှုမရသေးဟုဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁
လာမယ့်ရက်ပိုင်းမှာ ထိုင်းလွှတ်တော်အသစ်စတင်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်ကို ရွေးချယ်တော့မှာဖြစ် ပေမယ့် ဖြူထိုင်းပါတီ နဲ့ ရှေ့သို့ချီပါတီကြားအောက်လွှတ်တော်ဥက္ကဋ္ဌ နေရာရယူရေးနဲ့ပတ်သက်ပြီး လက်ရှိ အချိန်အထိ တိကျတဲ့သဘောတူညီမှု အပေးယူရယူနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်းပါတီခေါင်းဆောင်တို့ဟာ အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာရယူရေးအတွက် အပေးအယူရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေခြင်းအပေါ် ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်းပါတီတို့က အမြင်ကွဲလွဲမှုများကို ဖြေရှင်းဖို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ် ကြောင်း၊ အထူးသဖြင့် အခြားအနိုင်ရပါတီ ပါတီငယ်ခြောက်ခု နဲ့ ညွှန်ပေါင်းအစိုးရဖွဲ့စည်းဖို့ ကြိုးပမ်းမှုတွေကို ခြိမ်းခြောက်နေတဲ့အရာတွေကို ဆက်လက်ဆွေးနွေးနေခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ရှေ့သို့ချီပါတီအတွင်းရေးမှူး Chaithawat Tulathon က ဖြူထိုင်းပါတီဟာ ရှေ့သို့ချီပါတီခေါင်းဆောင်ပီတ လင်ဂျာရိုအမ်ရက် ဝန်ကြီးချုပ် နေရာကို ရယူခြင်းမရှိဘူးဆိုရင် ရှေ့သို့ချီပါတီကို လွှတ်တော်ဥက္ကဋ္ဌနေရာ ရယူဖို့ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့သတင်း တွေကို ငြင်းဆန်ထားပါတယ်။
ရှေ့သို့ချီပါတီဟာ ပီတာ လင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ဖို့ ဆန္ဒရှိနေသလို လွှတ်တော် ဥက္ကဋ္ဌနေရာကိုလည်း ရယူဖို့ လိုလားနေကြောင်းသိရပါတယ်။ ဒါပေမယ့် ပီတာလင်ဂျာရိုအမ်ရက်ဟာ ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံမယ်ဆိုရင်အထက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ဆန့်ကျင်ကန့်ကွက်မှုများ ရင်ဆိုင်ရဖို့ အလား အလာများနေကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီက ၎င်းတို့အနေနဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတာလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အသစ် ဖြစ်လာစေဖို့ ထောက်ခံမှာဖြစ်ပေမယ့် ရှေ့သို့ချီပါတီက လွှတ်တော်ဥက္ကဋ္ဌနေရာ တာဝန်ယူမှာကို လက်ခံမှာမဟုတ် ကြောင်း ဆိုပါတယ်။ ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Cholnan Srikaew က "ကျွန်တော်တို့ပါတီဟာ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို ရှေ့သို့ချီပါတီတာဝန်ယူဖို့ ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့သတင်းတွေကို အံ့အားသင့်မိတယ်။ ဒါဟာ တစ်စုံတစ်ဦးက လှည့်စားလိုက်တာမျိုးဖြစ်နိုင်တယ်။ ကျွန်တော်တို့ပါတီဟာ ပီတာလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အသစ်ဖြစ်ဖို့ ထောက်ခံမှာပါ။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌ နေရာ တာဝန်ယူဖို့ကိုတော့ ရှေ့သို့ချီပါတီကို လွှဲပြောင်းခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့အစီအစဉ်ကို အရင်အတိုင်း ပါပဲ။ အပြောင်းအလဲမရှိဘူး" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ GDP သည် ပြီးခဲ့သည့် (၂ဝ၂၂)ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလျံ(၆ဝ)နီးပါးရှိခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ