တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးကို တရုတ်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ရန်ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်
သန့်ဇင် (NSS) - ဇူလိုင် ၁
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တစ်ရပ်ကွက်တည်းနေထိုင်သည့် အမျိုးသမီးတစ်ဦးကို အိမ်အကူလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ရန် ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါတရားခံကို ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် (၁ဝ)နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ၎င်းနှင့်တစ်ရပ်ကွက်တည်းနေ အသက်(၂၇)နှစ်ခန့်ရှိ အမျိုးသမီးအား မူဆယ်တွင် အိမ်အကူလုပ်ပါက တစ်လလျှင် ငွေကျပ် (၄)သိန်း၊ (၅)သိန်းခန့်ရရှိမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အဆိုပါအမျိုးသမီးကို တရုတ်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ကိုင်ရန် ရောင်းစားသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် အဆိုပါမြို့နယ်နေ မခိုင်ဇာသင်း(ခ)ခိုင်ဇာကို ဒဂုံတောင်မြို့နယ်ရဲစခန်းက (ပ)၈၅၅/၂ဝ၁၈ လူကုန်ကူးမှုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းလွှတ်တော်အသစ်စတင်ဖို့ ရက်ပိုင်းသာလိုပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ အသစ်နေရာရယူဖို့ ဖြူထိုင်းပါတီ နဲ့ ရှေ့သို့ချီပါတီကြား အပြီးသတ်သဘောတူညီမှုမရသေးဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း