ယူကရိန်းက နိုင်ငံခြားသားကြေးစားစစ်သားတွေနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ဗိုလ်ချုပ်တွေကို အရပ်ဘက် အဆောက်အဦးများ အသုံးပြုဖို့ခွင့်ပြုနေဟု ရုရှားအစိုးရဝေဖန်
ဂျန်ဇက် (NSS) - ဇူလိုင် ၁
ရုရှားနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းဟာ နိုင်ငံခြားသားကြေးစားစစ်သားတွေနဲ့ အနောက်အုပ်စုနိုင်ငံများရဲ့ ဗိုလ်ချုပ်တွေကို အရပ်ဘက်သုံးအဆောက်အဦးတွေ အသုံးပြုဖို့ခွင့်ပြုပေးနိုင်ကြောင်း၊ အဲဒီကြေးစားစစ်သားတွေ နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဗိုလ်ချုပ်တွေ နေထိုင်နေတဲ့အဆောက်အဦးတွေကို ဖျက်ဆီးသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
၎င်းက "ရုရှားစစ်တပ်ဟာ လက်ရှိအချိန်မှာ အရပ်ဘက်သုံးအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ မျိုး မရှိပါဘူး။ ယူကရိန်းဟာကြေးစားစစ်သားတွေနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ဗိုလ်ချုပ်တွေကို အရပ်ဘက်သုံး အဆောက်အဦးတွေမှာ နေထိုင်ခွင့်၊ လှုပ်ရှားရှင်သန်ခွင့်ပေးနေတယ်။ ယူကရိန်းဟာ ဒီလိုမျိုးလုပ်ဆောင်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ကြေးစားစစ်သားတွေနဲ့ အနောက်အုပ်စု နိုင်ငံတွေရဲ့ဗိုလ်ချုပ်တွေ နေထိုင်နေတဲ့အဆောက်အဦးတွေကို တွေ့မြင်မယ်ဆိုရင် ဖျက်ဆီးပစ်မှာဖြစ်တယ်။ ဘာလို့လဲဆိုရင် အဲဒီသူတွေက ကျွန်တော်တို့ကိုစစ်ကြေညာထားလို့ပါ" လို့ ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒွန်းဘက်စ်ဒေသရှိ ယူကရိန်း ယာယီတပ်ရင်း အခြေချလှုပ်ရှားရာနေရာ တွေကို အသံထက်မြန်တဲ့ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
ယူကရိန်းစစ်ဘက်အရာရှိတွေ၊ အနောက်အုပ်စုနိုင်ငံတွေရဲ့စစ်ဘက်အကြံပေးတွေ အစည်းအဝေးလုပ်နေချိန်မှာ တိုက်ခိုက်ခံရခြင်းဖြစ်လို့ ယူကရိန်းဗိုလ်ချုပ်နှစ်ဦး အပါအဝင် ယူကရိန်းတပ်ဖွဲ့ဝင်အများအပြား ကျဆုံးခဲ့သလို ကြေးစားစစ်သားတွေနဲ့ စစ်ရေးအကြံပေးတွေလည်း သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
ယူကရိန်းဟာ ရုရှားကို ဇွန်လအစောပိုင်းကတည်းက တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် သိသာထင်ရှားတဲ့အောင်မြင်မှု မျိုးမရဘဲ ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းဟာ တန်ပြန်ထိုးစစ်ဆင်နွဲပြီးနောက်ပိုင်းကတည်းက တပ်ဖွဲ့ဝင်အများအပြား ကျဆုံးခဲ့ရသလို အနောက်အုပ်စုနိုင်ငံများက ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ တင့်ကားတွေ အပါအဝင် စစ်လက်နက်ပစ္စည်းအများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား ကြေးစားတပ်ဝဂ္ဂနာနဲ့ သူ့ရဲ့ဘော့စ် (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ