(၈)ကြိမ်မြောက်ဖွင့်လှစ်မည့် ဥပဒေဘွဲ့ ONLINE သင်တန်းအတွက် ပထမနှစ်သင်တန်းသားများ ခေါ်ယူ
စော (NSS) - ဇွန် ၃ဝ
(၈) ကြိမ်မြောက်ဖွင့်လှစ်သင်ကြားမည့် ဥပဒေဘွဲ့ ONLINE သင်တန်းအတွက် ပထမနှစ်သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ယနေ့(ဇွန်လ ၃ဝ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားခြင်းဖြစ်သည်။
ဥပဒေပညာဦးစီးဌာနမှဦးစီး၍ ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူများအတွက် ဥပဒေဘွဲ့ (L.L.B) သင်တန်းကို ONLINE ဖြင့် သင်ကြားပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်အမှတ်သည် (၃၅ဝ)နှင့်အထက်ရရှိပြီး အင်္ဂလိပ်စာအမှတ်(၅ဝ)နှင့်အထက် ရရှိသူဖြစ်ရန်လိုကြောင်း သိရသည်။
အဆိုပါသင်တန်းသည် ဩဂုတ်လ (၃)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလသည် (၅)နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်လွှာများကို ဇူလိုင်(၁၂)ရက်တွင် စတင်လျှောက်ထားရမည်ပြီး ဇူလိုင်လ (၁၆)ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် သင်တန်သားဦးရေကန့်သတ်ထားပြီး ဝင်ခွင့်ရရှိသည့်သူများကို အီးမေလ်ဖြင့် အကြောင်းကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၃ဝ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း