ကျောင်းသား/သူ (၄ဝဝ)ကျော် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းတစ်ကျောင်းကို PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခြိမ်းခြောက်မှု ရွှေကူမြို့နယ်၌ဖြစ်ပွား
NSS - ဇွန် ၃ဝ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ (၄ဝဝ)ကျော် ပညာသင်ယူလျက်ရှိသည့်အခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်းကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခြိမ်း ခြောက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် ရွှေကူမြို့နယ်၊ ငါးဘက်ကြီးကျေးရွာရှိ အခြခံပညာအလယ်တန်းကျောင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကျောင်း၏ ယာဘက် ပေ(၅ဝ)ခန့်အကွာရှိ ကျောင်းခြံစည်းရိုးအား PDF အဖွဲ့က လက်လုပ်မိုင်း(၁)လုံးဖြင့် ပစ်ပေါက်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
ထိုသို့ ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါကျောင်းခြံစည်းရိုးရှိ ကွန်ကရစ်တိုင်(၁)ခု မိုင်းစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုသည်။
လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းဆရာ/ဆရာမ (၁၈)ဦးက ကျောင်းသား၊ကျောင်းသူ(၄၁၁)ဦးကို ပညာသင်းကြားပေးလျက်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်ကြမ်းဈေး ကျဆင်းလာပြီး ဆန်ချောဈေး အမြင့်ပိုင်းတွင် ဆက်ရှိနေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း