စစ်တွေမြို့၌ ဈေးဝယ်ပြီး ပြန်လာသည့် သင်္ဘောသား(၃)ဦး ရေနစ်သေဆုံး
စော (NSS) - ဇွန် ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဈေးဝယ်ပြီးပြန်လာသည့် သင်္ဘောသား(၃)ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၈ ရက်)၊ ညနေ (၅)နာရီအချိန်တွင် စစ်တွေမြို့၊ ချောင်နွယ်မင်းဂံဆိပ်ကမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပစ္စည်းများလာပို့သည့် အင်ဗွီရာဇာမင်းသင်္ဘောမှ သင်္ဘောသားများသည် ဈေးဝယ်ပြီးအပြန်တွင် အထက်ပါကဲ့သို့ ရေနစ်သေဆုံးသွားကြောင်း သိရသည်။
“သူတို့က သင်္ဘောသားတွေပါ။ သင်္ဘောပေါ်ကနေ ကမ်းကိုလာပြီး ဟင်းချက်စရာပစ္စည်းတွေလာဝယ်တာပါ။ ဈေးဝယ်ပြန်လာပြီး သင်္ဘောပေါ်ပြန်အလာမှာ သူတို့နဲ့ ပါလာတဲ့ Fiber လှေလေးက ရေဝင်ပြီး ရေစီးကလည်းသန်တော့ Fiber လှေကမြုပ်ပြီးတော့ ရေစီးနဲ့မြောပါသွားတာပါ။ မနက်ကမှ အကြောင်းကြားလို့ (၈)နာရီထဲက အလောင်းကိုရှာနေတာပါ။ အခုထိမတွေ့သေးပါဘူး”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ရေနစ်သေဆုံးသည့် အမျိုးသားများသည် ဦးဆက်ပိုင်ဦး(၃ဝ)နှစ်၊ ဦးချစ်မင်းပိုင်(၂၉)နှစ် နှင့် သန့်ဇင် (၂၆) နှစ်တို့ဖြစ်ပြီး လက်ရှိအချိန်ထိ ရုပ်အလောင်းများအား ရှာဖွေနေကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ အိမ်ငှားဈေးကွက် ကောင်းမွန်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း