စက်ရုံများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့သူ (၁ဝ)ဦးကို ဖမ်းဆီးခဲ့ကြောင်း နစက ထုတ်ပြန်
Pearl (NSS) - ဇွန် ၂၉
တရားမဝင် Action Labour Right အမည်ခံအဖွဲ့မှ သူရိန်အောင်ခေါင်းဆောင်၍ စက်ရုံ၊ အလုပ်ရုံများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့သူ (၁ဝ)ဦးကို ဖမ်းဆီးခဲ့ကြောင်း နစကမှ ထုန်ပြန်ထားသည်။
စက်ရုံ၊ အလုပ်ရုံများ၌အလုပ်သမားများ စုဝေးဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်စေရန်အတွက် တရားမဝင်အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့မှ သူရိန်အောင်ခေါင်းဆောင်၍ သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ Action Labour Right အမည်ခံအဖွဲ့မှ သန္တာစိုးလင်း၊ ဖြိုးမြတ်မြတ်သင်း နှင့် အဆိုပါ အဖွဲ့အား အားပေးကူညီသူ ဟိန်းမင်းဇော်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါအဖွဲ့နှင့်ပူးပေါင်း၍ စက်ရုံများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် ဆောင်ရွက်လျက်ရှိသည့် ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံမှ အောင်အောင်၊ သူသူစံ၊ သန္တာအေး၊ အေးသန္တာဌေး၊ မေသူမင်း နှင့် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှသီတာဝင်းနှင့် ကိုထက်(ခ)လှိုင်ဝင်းထက်တို့အား အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ Action Labour Right အဖွဲ့မှ ဖမ်းဆီးရန်ကျန် သူဇာ ဦးဆောင်၍ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ၁၈ ရက်အထိ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ ကောင်း(၁)ထမင်းဆိုင် အပေါ်ထပ်၌ စက်ရုံ၊ အလုပ်ရုံများမှအလုပ်သမား ၂ဝ ဦးခန့်အား စည်းရုံးသိမ်းသွင်းကာ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဇွန်လ ၁၂ ရက်တွင် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံမှ အလုပ်သမားအချို့သည် စက်ရုံရှေ့တွင်စုဝေး၍လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှအလုပ်သမားအချို့သည် စက်ရုံအတွင်း၌စုဝေး၍လည်းကောင်း အသီးသီးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် Action Labour Right အမည်ခံအဖွဲ့၊ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံနှင့် Sun Apparel Myanmar အထည်ချုပ်စက်ရုံတို့မှ ဖမ်းဆီးရမိသူ(၁ဝ) ဦးအား တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ဆိုသည်။
ထို့ပြင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် Action Labour Right အမည်ခံအဖွဲ့မှ သူရိန်အောင်၊ သူဇာနှင့် ဆက်စပ် တရားခံသူများ၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း နစကမှထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့၌ ဈေးဝယ်ပြီး ပြန်လာသည့် သင်္ဘောသား(၃)ဦး ရေနစ်သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း