Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိုင်းခွဲခံခဲ့ရသည့် ကျုံအိတ်တံတား၌ လုံခြုံရေးလုပ်ငန်းဆောင်ရွက်စဉ် Drop Bomb ဖြင့် တိုက်ခိုက်ခံရမှုကြောင့် (၃)ဦးထက်မနည်းသေဆုံးပြီး (၂၈)ဦးထက်မနည်း ဒဏ်ရာရရှိ

NSS - ဇွန် ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတား၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် Drop Bomb များ ပစ်ချတိုက်ခိုက်ခံရမှုကြောင့် (၃)ဦးထက်မနည်း သေဆုံးပြီး (၂၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သော သတင်းအရင်းအမြစ်ထံမှ သိရသည်။ 

ယနေ့(ဇွန်လ ၂၉ ရက်)၊ နံနက် (၄) နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ အလျား (၉၅)ပေ၊ အကျယ်(၃၆)ပေရှိသည့် သံကူကွန်ကရစ်တံတား အမျိုးအစား ကျုံအိတ်တံတားအား KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် အဆိုပါတံတား၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင်ဖြတ်သန်းသွားလာသော ယာဉ်များယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး လမ်းရှင်းလင်းဆောင်ရွက်ပေးပြီး လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်နေစဉ် နံနက် (၈)နာရီ အချိန်ခန့်တွင် အကြမ်းဖက်သမားများမှ Drone ဖြင့် Drop Bomb (၅)လုံးခန့်ချ၍ တိုက်ခိုက်ခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှဆိုသည်။ 

တိုက်ခိုက်ခံရမှုကြောင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင် (၁၂)ဦး၊ ရဲတပ်ဖွဲ့ဝင်(၉)ဦး၊ ထွေ/အုပ် (၂)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၃)ဦး နှင့် ရွှေသံလွင်ဝန်ထမ်း(၂)ဦး  စုစုပေါင်း (၂၈)ဦး ဒဏ်ရာရရှိခဲ့ပြီး ခရိုင်လမ်းဦးစီးမှူး (၁)ဦး သေဆုံးခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ၎င်းတို့အား သထုံခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုင်းဖောက်ခွဲမှုကြောင့် တံတား၏ အနောက်ဘက်ခြမ်း ၆၆ ပေခန့်ပဲ့ကျပျက်စီးခဲ့ကာ ဖြစ်စဉ်ဖြစ်ပွားချိန်၌ တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ် ၃ စီးပြုတ်ကျပျက်စီးခဲ့ကာ အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ အဆိုပါနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးစဉ် အကြမ်းဖက်သမားများက Drop Bomb များအသုံးပြု၍ ထပ်မံတိုက်ခိုက်မှုကြောင့် အပြစ်မဲပြည်သူ (၂)ဦးထပ်မံသေဆုံးခဲ့ပြီး (၁ဝ)ဦးဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက်ရုံများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့သူ (၁ဝ)ဦးကို ဖမ်းဆီးခဲ့ကြောင်း နစက ထုတ်ပြန်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved