ကြည့်မြင်တိုင်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ
စော(NSS) - ဇွန် ၂၈
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားကို ယနေ့ (ဇွန်လ ၂၈ ရက်)၊ နံနက် (၁)နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘန္ဒာပင်လမ်း၌ အထက်ပါကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး ဆေးရုံသို့ရောက်ရှိပြီး (၁ဝ)မိနစ်အကြာတွင် သေဆုံးသွားကြောင်း သိရသည်။
“ကျွန်တော်တို့ကို အကြောင်းကြားလို့ သူ့ကိုသွားကြည့်လိုက်တဲ့အချိန်မှာ ထိုးသွင်းဒဏ်ရာတွေကြောင့် တစ်ကိုယ်လုံး သွေးတွေနဲ့ လမ်းဘေးမှာ လဲနေတာပေါ့။ ဘာနဲ့ထိုးသွားလဲတော့ မသိဘူး ။ ဒဏ်ရာတွေက သေးသေးလေးတွေ နေရာအနှံ့အများကြီးပဲ”ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက်(၃၅)နှစ်ဝန်းကျင်အရွယ်ရှိပြီး ၎င်း၏ လည်ပင်း၊ မျက်နှာ နှင့် ရင်ဘတ်တို့တွင် ထိုးသွင်းဒဏ်ရာများစွာရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
လက်ရှိအချိန်အထိ ၎င်းအမျိုးသားနှင့်ပတ်သက်သည့် အချက်အလက်တစ်စုံတစ်ရာမျှ မသိရှိရသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“ဝ”အဖွဲ့ UWSP အပါအဝင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအပေါ် EAO (၅)ဖွဲ့နှင့် NSPNC တို့ဆွေးနွေးခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း