ပဲရစ်မြို့အနောက်ပိုင်းမှာ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း (၂ဝ)ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရဟု ပြင်သစ်ရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - ဇွန် ၂၈
ပြင်သစ် ရဲတပ်ဖွဲ့ဟာ Nanterre မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အနည်းဆုံး လူပေါင်း (၂ဝ)ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်ရဲအရာရှိတစ်ဦးဟာ မီးပွိုင့်မှာ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ဆူပူဆန္ဒပြမှုတွေဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့က အသက် ၁၇နှစ်အရွယ်ရှိ လူငယ်ဟာ ကားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုနဲ့အတူ စည်းကမ်းတွေကို လိုက် နာခြင်းမရှိတဲ့အတွက် ပစ်ခဲ့ရခြင်းဖြစ်ကြောင်းပြောပါတယ်။
ဒါပေမယ့် ရုပ်သံဖိုင်ထဲမှာတော့ ရဲအရာရှိနှစ်ဦးဟာ အဝါရောင် Mercedes AMG အမျိုးအစား ကားဘေးမှာရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ အခြားရဲအရာရှိတစ်ဦးက ကားတံခါးရဲ့အပြင်ဘက်မှာရပ်နေခဲ့ကြောင်း၊ကားမောင်းသမား ဖြစ်တဲ့လူငယ်နဲ့ ကားထဲမှာပါလာသူများကို ညွှန်ကြားပြောဆိုမှုတွေရှိနေခဲ့ကြောင်းဖော်ပြထားပါတယ်။
ရဲတွေစစ်ဆေးမှုလုပ်နေချိန်အတွင်းကားဟာ ရုတ်တရက်မောင်းထွက်ခဲ့ရာ ရဲများက သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောပါတယ်။ ပြင်သစ်အစိုးရရှေ့နေရုံးကလည်း ကားမောင်းသမားဖြစ်တဲ့ လူငယ်ဟာ ရဲတပ်ဖွဲ့ဝင်များရဲ့ ညွန်ကြားချက်ကို လိုက်နာဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ကားမောင်းသမား လူငယ်ကို ရဲတပ်ဖွဲ့က ပစ်သတ်မှုဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ လူပေါင်း ၅ဝ ကျော်ဟာ Nanterre မြို့ရဲစခန်းအပြင်ဘက်မှာ ဆန္ဒပြမှုတွလုပ်ဆောင်ခဲ့ကြောင်း၊ ဆန္ဒပြသူတွေဟာ ကားမှတ်တိုင်တွေကိုဖျက်ဆီးခြင်းများ၊ ကားတွေကိုမီးရှို့ဖျက်ဆီးခြင်းများ၊ အမှိုက်ပုံတွေကို မီးရှို့ခြင်းများပြုလုပ်ကာ ဆူပူအကြမ်းဖက်ခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ကားမောင်းသမား လူငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ကားကို စစ်ဆေးချိန်အတွင်း ရဲတပ်ဖွဲ့ဝင်တွေကို ထိခိုက်နာကျင်အောင်လုပ်ဆောင်ခြင်းရှိ၊ မရှိဆိုတဲ့အချက်ကိုလည်း စစ်ဆေးမှာဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၄)လွှာမှ ကျောင်းသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း