ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၄)လွှာမှ ကျောင်းသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
NSS - ဇွန် ၂၈
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL) (၄)လွှာမှ ကျောင်း သားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၂၈ ရက်)၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်အချိန်တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ (YUFL)ကျောင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြုတ်ကျသေဆုံးသူသည် (YUFL)ကျောင်းမှ ကျောင်းသား မောင်ဖုန်းပြည့်ကျော်ဖြစ်ပြီး အဆိုပါကျောင်းရှိ (၄)လွာမှ ပြုတ်ကျသေဆုံးခဲ့ကြောင်း လူမှူကူညီရေးအသင်းများထံမှ သိရသည်။
“ဘယ်လိုဖြစ်ပြီးပြုတ်ကျသလဲဆိုတာတော့ မသိရသေးပါဘူး။ သေဆုံးသူကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့ထားပါတယ်”ဟု သွားရောက်ကယ်ဆယ်ခဲ့သူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် အဆိုပါသေဆုံးသူကျောင်းသား၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခမဲ့လူနာတင်ယဉ်များကွန်ရက်(M.A.N )အသင်းခွဲမှ ကံကော်မြေလူမှုကူညီရေးအသင်း၏ လူနာတင်ယဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပမှ (၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းမျာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း