ရေမိုင် (၁၂)မိုင်အတွင်း ဝင်ရောက်လာမယ့် တရုတ်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို ပစ်ချဖျက်ဆီးပစ်မယ်လို့ ထိုင်ဝမ်စစ်ဘက် သတိပေး
ဂျန်ဇက် (NSS) - ဇွန် ၂၈
ထိုင်ဝမ်ကျွန်းရဲ့ရေမိုင် (၁၂)မိုင်အတွင်းကို တရုတ် စစ်တပ်ရဲ့တိုက်လေယာဉ်များ ဒါမှမဟုတ် သင်္ဘောများ ဝင်ရောက်လာမယ်ဆိုရင်ပစ်ချ ဖျက်ဆီးသွားမှာဖြစ်ကြောင်း ထိုင်ဝမ်စစ်ဘက်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ် ဗိုလ်ချုပ်ကြီး Lin Wen-huang က " တရုတ် စစ်သင်္ဘောတွေ နဲ့ တိုက်လေယာဉ်တွေဟာ ထိုင်ဝမ် လေကြောင်းနဲ့ ပင်လယ်ပြင်ပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာချိန်မှာသတိပေးမှုတွေလုပ်သွားမှာဖြစ်တယ်။ တရုတ်စစ်ဘက်ဟာ ကျွန်တော်တို့ရဲ့သတိပေးချက်တွေကို ဂရုမစိုက်ဘဲ သတ်မှတ်ထားတဲ့ ပိုင်နက်အတွင်းကို ဝင်လာမယ်ဆိုရင်တော့ အမျိုးသားလုံခြုံရေးအတွက် တိုက်ခိုက်မှုတွေလုပ်ဆောင်သွားရမယ်"လို့ပြောပါတယ်။
တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်ဝမ်ပိုင်နက်နားကို ကျူးကျော်ဝင်လာရောက်ခဲ့ပြီးနောက် ထိုင်ဝမ် ဗိုလ်ချုပ်ကြီးက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ် နဲ့ တရုတ်နိုင်ငံတို့ဟာ ပိုင်နက်နယ်မြေအငြင်းပွားနေပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ထိုင်ဝမ်က တရုတ်လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေး ရယူဖို့ ကြိုးပမ်းနေပါတယ်။ တရုတ်စစ်လေယာဉ်တွေဟာ ထိုင်ဝမ်ပိုင်နက်နားကို မကြာခဏပျံသန်းမှုများရှိနေခြင်းကြောင့် တင်းမာမှုတွေ၊ အငြင်းပွားမှုတွေလည်းဖြစ်ပေါ်လျက်ရှိနေပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng ကလည်း "တရုတ်စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေဟာ ကျွန်တော်တို့ရဲ့ ရေမိုင် ၁၂ မိုင်ပိုင်နက်အတွင်းကို ဝင်ရောက်လာမယ်ဆိုရင် ပစ်ချသွားရမှာဖြစ်တယ်" လို့မကြာသေးမီက ပြောခဲ့ဖူးပါတယ်။
တရုတ်စစ်လေယာဉ်တွေဟာ ထိုင်ဝမ်ရေလက်ကြားနားအထိ ပျံသန်းမှုများရှိခဲ့ပြီး ထိုင်ဝမ်ဘက်က သတိပေးချက်များမကြာခဏ ထုတ်ပြန်ခဲ့ရကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် နန်စီပီလိုစီ သွားရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းနားတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်ခန်းများအရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်္ဂလန်နိုင်ငံက ရယူထားသော ပတ္တမြားငမောက်နှင့် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့ထိ ပြန်မရ၍ မြန်မာ့အမွေများရရှိရေး ကြိုးစားရမည်ဟု နစကတိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ