ရေဦးမြို့နယ်၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အလောင်း(၃)လောင်းတွေ့ရှိခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇွန် ၂၇
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်း(၂)လောင်း နှင့် အမျိုးသမီး အလောင်း(၁)လောင်းကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်၊ နံနက် ၁ဝ နာရီအချိန်တွင် ရေဦးမြို့နယ်၊ ရွာမိသာ-ညောင်လှကျေးရွာသွား မူးဘောင်လမ်းပေါ်၌ အထက်ပါအလောင်း(၃)လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါနေရာရှိ အလောင်း(၃)လောင်းတွင် ခန္ဒာကိုယ်အနှံ့၌ ပြတ်ရှဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အထက်ပါကဲ့သို့ သေဆုံးသူများသည် ရေဦးမြို့နယ်၊ မုတ်စီကျေးရွာအတွင်းနေထိုင်သူများဖြစ်ပြီး ဦးကံ ကောင်း(၇၂)နှစ်၊ ဦးဝင်းဗိုလ်(၄၇)နှစ်နှင့် ဒေါ်စန်းနွယ်(၄၅)နှစ်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူများကို စစ်ဆေးနိုင်ရန် ရေဦးမြို့နယ်ကုတင်(၁ဝဝ)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထပ်မံပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြည်ပနိုင်ငံများ နှင့် အဖွဲ့အစည်းများက လှူဒါန်းသည့် ငွေပမာဏများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း