ပြည်မြို့ရှိ နဝဒေးတံတားအောက်၌ ပစ္စည်းလုခံရပြီး ဓားဖြင့်(၁ဝ)ချက်မက အထိုးခံခဲ့ရသော အမျိုးသားစိုးရိမ်ရသည့် အခြေအနေတွင်ရှိနေဟုဆို
NP News - ဇန်နဝါရီ ၉
ပြည်မြို့၊ နဝဒေးတံတားအောက်၌ သမီးရည်းစားချိန်းတွေ့စဉ် ပစ္စည်းလုခံရပြီး အမျိုးသားဖြစ်သူ ဓားဖြင့်(၁၁)ချက် အထိုးခံခဲ့ရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မြို့ထံမှ ယနေ့ (ဇန်နဝါရီလ ၉ ရက်)နေ့လည်းပိုင်းတွင် သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၈)ရက်၊ ညနေ(၆)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ပြည်- ရန်ကုန်လမ်းပေါ်ရှိ “နဝဒေးတံတား”အောက် လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ္စည်းလုရာမှ အမျိုးသားဖြစ်သူအား ဓားဖြင့် ထိုးခဲ့ခြင်းဖြစ် ကြောင်း ပြည်မြို့ပရဟိတအသင်းထံမှ သိရသည်။
“ဖြစ်တာက တံတားအောက်မှာ သူတို့နှစ်ယောက်ထိုင်နေတဲ့အချိန် လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီး ပစ္စည်းလုတာ။ လုရင်းနဲ့ ကောင်လေးကို ဓားတွေနဲ့ထိုးသွားတော့ အဲ့နားက လမ်းသွားလမ်းလာတွေက ကောင်လေးကို အပြင်ဆေးရုံကို ပို့တာပေါ့။ ဒါပေမယ့် ဆေးရုံက ရဲမှုရဲခင်းဖြစ်နေလို့ မကိုင်တော့ ကျွန်တော်တို့ကို ဖုန်းဆက်လို့ အစိုးရစစ်ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်” ဟု ပြည်မြို့ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားမှာ ကျောကုန်း၊ နောက်စေ့၊ လက်မောင်း၊ ပခုံး၊ လည်ပင်းနှင့် ပေါင်တို့တွင် ထိုးသွင်း ဒဏ်ရာ(၁၁)ချက်ရရှိခဲ့ပြီး အမျိုးသမီးတွင် လက်သန်းပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် အသက်(၂၁)နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ကြောင်းသိရသည်။
၎င်းကို ကုတင်(၅ဝဝ) ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ လက်ရှိအချိန်အထိ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း ၎င်းမှဆိုသည်။
zawgyi version
ျပည္ၿမိဳ႕ရွိ နဝေဒးတံတားေအာက္၌ ပစၥည္းလုခံရၿပီး ဓားျဖင့္(၁ဝ)ခ်က္မက အထိုးခံခဲ့ရေသာ အမ်ိဳးသားစိုးရိမ္ရသည့္ အေျခအေနတြင္ရွိေနဟုဆို
NP News - ဇန္နဝါရီ ၉
ျပည္ၿမိဳ႕၊ နဝေဒးတံတားေအာက္၌ သမီးရည္းစားခ်ိန္းေတြ႕စဥ္ ပစၥည္းလုခံရၿပီး အမ်ိဳးသားျဖစ္သူ ဓားျဖင့္(၁၁)ခ်က္ အထိုးခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ၿမိဳ႕ထံမွ ယေန႔ (ဇန္နဝါရီလ ၉ ရက္)ေန႔လည္းပိုင္းတြင္ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၈)ရက္၊ ညေန(၆)နာရီအခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ျပည္- ရန္ကုန္လမ္းေပၚရွိ “နဝေဒးတံတား”ေအာက္ လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ သမီးရည္းစားႏွစ္ဦး ခ်ိန္းေတြ႕ေနစဥ္ အမ်ိဳးသားႏွစ္ဦးမွ ဆိုင္ကယ္ျဖင့္ေရာက္လာၿပီး ပစၥည္းလုရာမွ အမ်ိဳးသားျဖစ္သူအား ဓားျဖင့္ ထိုးခဲ့ျခင္းျဖစ္ ေၾကာင္း ျပည္ၿမိဳ႕ပရဟိတအသင္းထံမွ သိရသည္။
“ျဖစ္တာက တံတားေအာက္မွာ သူတို႔ႏွစ္ေယာက္ထိုင္ေနတဲ့အခ်ိန္ လူႏွစ္ေယာက္က ဆိုင္ကယ္နဲ႔ ေရာက္လာၿပီး ပစၥည္းလုတာ။ လုရင္းနဲ႔ ေကာင္ေလးကို ဓားေတြနဲ႔ထိုးသြားေတာ့ အဲ့နားက လမ္းသြားလမ္းလာေတြက ေကာင္ေလးကို အျပင္ေဆး႐ုံကို ပို႔တာေပါ့။ ဒါေပမယ့္ ေဆး႐ုံက ရဲမႈရဲခင္းျဖစ္ေနလို႔ မကိုင္ေတာ့ ကြၽန္ေတာ္တို႔ကို ဖုန္းဆက္လို႔ အစိုးရစစ္ေဆး႐ုံႀကီးကို ပို႔ေပးခဲ့ပါတယ္” ဟု ျပည္ၿမိဳ႕ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသားမွာ ေက်ာကုန္း၊ ေနာက္ေစ့၊ လက္ေမာင္း၊ ပခုံး၊ လည္ပင္းႏွင့္ ေပါင္တို႔တြင္ ထိုးသြင္း ဒဏ္ရာ(၁၁)ခ်က္ရရွိခဲ့ၿပီး အမ်ိဳးသမီးတြင္ လက္သန္းျပတ္ရွဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
၎သည္ အသက္(၂၁)ႏွစ္အ႐ြယ္ တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္းသိရသည္။
၎ကို ကုတင္(၅ဝဝ) ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ကာ လက္ရွိအခ်ိန္အထိ စိုးရိမ္ရသည့္ အေျခအေနတြင္ရွိေနေၾကာင္း ၎မွဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရမှုမှာ သမီးဖြစ်သူနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ မိခင်ဖြစ်သူကို စင်ကာပူတရားရုံး ထောင်ဒဏ်ချမှတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း