Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရမှုမှာ သမီးဖြစ်သူနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ မိခင်ဖြစ်သူကို စင်ကာပူတရားရုံး ထောင်ဒဏ်ချမှတ်

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉

မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့အတွက် အသက် ၆၄ နှစ်အရွယ်ရှိ ပရီမာ အက်စ်နာရေး နာဆာမီ ဇန်နဝါရီ ၉ ရက်မှာ စင်ကာပူတရားရုံးက ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

မြန်မာအမျိုးသမီး Piang Ngaih Don ဟာ စင်ကာပူနိုင်ငံရှိ  Gaiyathiri ရဲ့နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရာ Gaiyathiri အပြင် သူရဲ့မိခင်ဖြစ်သူ၊ ခင်ပွန်းဖြစ်သူတို့ရဲ့ နေ့စဉ်နီးပါး ညှင်းပန်းနှိပ်စက်မှုများ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ခရိုင်တရားသူကြီး ဟောဟမ်လီက နာရေးနာဆာမီဟာ မြန်မာအိမ်အကူအမျိုးသမီးကို ရိုက်နှက်ရာမှာ လက်ကို အသုံးပြုခဲ့သလို အခြားအမျိုးမျိုးသောပစ္စည်းကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတရားသူကြီးက "CCTV ရုပ်သံမှတ်တမ်းတွေအရ မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရတဲ့ ပုံတွေကိုကြည့်ပြီး အံ့အားတုန်လှုပ်မိ တယ်" လို့ပြောပါတယ်။

မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရမှုဟာ စင်ကာပူသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ဖွယ်ရှိကြောင်း စင်ကာပူအစိုးရရှေ့နေတစ်ဦးဖြစ်သော ဆန်တီကူမာရမ် ဆာဘာပါတီ က ပြောပါတယ်။ ပရီမာဟာ အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအိမ်အကူအမျိုးသမီးကို ထိခိုက်နာကျင်စေအောင် ရိုက်နှက်မှု၊ ညှင်းပန်း နှိပ်စက်မှုများအတွက် စွဲဆိုခံရတဲ့စွဲချက် ၄၇ ခုကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ ပရီမာဟာ မြန်မာအမျိုးသမီးကို ညှင်းပန်းနှိပ်စက်မှုနဲ့ပတ်သက်ပြီး လူသတ်ဖို့ကြိုးပမ်းမှုနဲ့ ကနဦးမှာ စွဲချက်တင်ခံရပေမယ့် နောက်ပိုင်းမှာ အဲဒီ စွဲချက်ကိုဖြေလျော့ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာအိမ်အကူ အမျိုးသမီး ဟာ Gaiyathiri ရဲ့အိမ်မှာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလကနေ ၂ဝ၁၆ ခုနှစ် ဇူလိုင်လအထိ အလုပ်လုပ်ကိုင်နေခဲ့ပြီး၊ အဲဒီကာလအတွင်း  ညှင်းပန်းနှိပ်စက်မှုများ ခံခဲ့ရပါတယ်။

မြန်မာအိမ်အကူအမျိုးသမီးဟာ အစားအစာ ဝလင်အောင် မစားရခြင်း၊ အနားယူမှု အချိန်အပြည့်မရခြင်းအပြင် အခြားသော နှိပ်စက်ရိုက်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါအမျိုးသမီးအိမ်မှာ စတင်အလုပ်အလုပ်ချိန် ခန္ဒာကိုယ်အလေးချိန် ၃၉ ကီလိုဂရမ်ရှိခဲ့ပေမယ့် ညှင်းပန်း နှိပ်စက်ခံရမှုကြောင့် သေဆုံးချိန်မှာ ခန္ဒာကိုယ်အလေးချိန် ၂၄ ကီလိုဂရမ်သာရှိပါတယ်။ စင်ကာပူတရားရုံးဟာ မြန်မာအိမ်အကူအမျိုးသမီးအပေါ် သေဆုံးအောင် ညှင်းပန်းနှိပ်စက်မှုများနဲ့ပတ်သက်ပြီး Gaiyathiri အပါအဝင် မိခင်ဖြစ်သူ၊ ခင်ပွန်းဖြစ်သူတို့ကို စွဲချက်များတင်ပြီး၊ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိနေတယ်လို့ သိရပါတယ်။









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူသည့် ပထမဆုံးနေ့၌ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးသော ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved