လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်၍ အမျိုးသား (၃)ဦးသေဆုံးမှု ဆိတ်ဖြူမြို့နယ်၌ဖြစ်ပွား
NSS - ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ ဆိတ်ဖြူမြို့နယ်တွင် လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်၍ အမျိုးသား (၃)ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၂၄ ရက်၊ ည ၈နာရီ အချိန်တွင် မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ စိုးကိုကို(၃၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ဖိုးထီ(ခ)ဖြိုးထက်နိုင်(၂၅)နှင့် ပေါက်မြို့နယ် ထန်းတောဦးကျေးရွာမှ ဝင်းကြိုင်(၂၆)နှစ်တို့ လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် လက်လုက်မိုင်းပြုလုပ်ရာတွင်ပါဝင်သော ၎င်းတို့ (၃)ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူများအား ဆိတ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲခဲ့သောလက်လုပ်မိုင်းသည် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Comments :
1 comments
1 year ago - 1:48 am - Jun 28, 2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူးယစ်တိုက်ဖျက်ရေးကို အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့မဖော်ဆောင်နိုင်ခဲ့ကြောင်း RCSS လက်နက်ကိုင်အဖွဲ့ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း