မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၅)သိန်းကျော်တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများကို အင်ဒိုနီးရှားအစိုးရ လှူဒါန်း
ယွန်း (NSS) - ဇွန် ၂၇
အင်ဒိုနီးရှားနိုင်ငံ အစိုးရနှင့် ပြည်သူများမှ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၅)သိန်းကျော်တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့(ဇွန်လ ၂၇ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို ဇွန်လ(၂၆)ရက်၊ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းပစ္စည်းများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက လက်ခံခဲ့ပြီး ရခိုင်ပြည်နယ်အပါအဝင် သဘာဝဘေးဒဏ်သင့်ခံစားရသောဒေသများမှ ပြည်သူများထံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် ပြည်သူများမှ လှူဒါန်းသောပစ္စည်းများသည် တာပေါ်လင် (၁ဝဝဝ) လိပ်၊ ရွက်ဖျင်တဲ (၁၅) စုံ၊ မိသားစုရွက်ဖျင်တဲ (၁၅ဝ) စုံ၊ အသင့်စား အစားအစာထုတ် (၁၅,ဝဝဝ) ၊ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ (၁,၅ဝဝ) စုံ၊ စောင်အထည် (၅,ဝဝဝ)၊ မှို့ယာ (၂ဝဝ) ခု၊ မီးစက် (2KVA) အလုံး (၁ဝဝ)တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကူအညီပစ္စည်းများသည် စုစုပေါင်း တန်ချိန်(၄၅)တန်ရှိပြီး အမေရိကန်ဒေါ်လာ (၅) သိန်းကျော်တန်ဖိုးရှိကြောင်း အင်ဒိုနီးရှားနိုင်ငံဘက်မှ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်၏ (ကြည်း/ရေ/လေ) လက်ရုံး / ဝန်ထမ်းတပ်များတွင် အခြားအဆင့်အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ