ကားနောက်ခန်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားအလောင်း(၁)လောင်းတွေ့ရှိမှု မန္တလေးမြို့၌ဖြစ်ပွား
NP News - ဇန်နဝါရီ ၉
ကားနောက်ခန်း၌ လိုက်ကာဖြင့် အုပ်ထားပြီး ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းအား မန္တလေးမြို့တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းအား ပြီးခဲ့သည့် ဇန်နဝါရီလ(၈)ရက်၊ ည(၇)နာရီအချိန်၌ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၃၈ လမ်း/ ၈၇လမ်း× ၈၉လမ်း) ကြားရှိ စည်ပင်အမှိုက်ကန်အနောက်ဖက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မဟာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ကို ဖုန်းဆက်ခေါ်လို့သွားပြီး ကူညီခဲ့တာပါ။ သွားကြည့်တော့ တံခါးကအထဲမှာ လော့ကျနေတာနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပြီး တံခါးကိုလော့ဖွင့်ကြတာပေါ့။ ပြီးတော့မှ နောက်ဖုံးထဲမှာ လိုက်ကာနဲ့အုပ်ထားတာကို တွေ့တာပါ။ ဒဏ်ရာတွေကတော့ လည်ပင်းကိုကြိုးနဲ့ အညှစ်ခံထားရတဲ့ပုံပေါ်ပါတယ် မျက်လုံးနှစ်ဖက်ကလည်း ဖူးရောင်နေတယ်” ဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားမှာ အသက်(၄ဝ)ဝန်းကျင်ခန့်ရှိပြီး ကားထဲတွင် ကျောက်များထည့်ထားသည့် ပုံးအသေးတစ်ပုံးနှင့် စာရင်းစာအုပ်များတွေ့ရှိခဲ့ရကြောင်း ၎င်းမှဆိုသည်။
၎င်းအား မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုများနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။
zawgyi version
ကားေနာက္ခန္းတြင္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ အမ်ိဳးသားအေလာင္း(၁)ေလာင္းေတြ႕ရွိမႈ မႏၲေလးၿမိဳ႕၌ျဖစ္ပြား
NP News - ဇန္နဝါရီ ၉
ကားေနာက္ခန္း၌ လိုက္ကာျဖင့္ အုပ္ထားၿပီး ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းအား မႏၲေလးၿမိဳ႕တြင္ ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါအေလာင္းအား ၿပီးခဲ့သည့္ ဇန္နဝါရီလ(၈)ရက္၊ ည(၇)နာရီအခ်ိန္၌ မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ (၃၈ လမ္း/ ၈၇လမ္း× ၈၉လမ္း) ၾကားရွိ စည္ပင္အမႈိက္ကန္အေနာက္ဖက္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း မဟာလူမႈကူညီေရးအသင္းထံမွ သိရသည္။
“ကြၽန္ေတာ္တို႔ကို ဖုန္းဆက္ေခၚလို႔သြားၿပီး ကူညီခဲ့တာပါ။ သြားၾကည့္ေတာ့ တံခါးကအထဲမွာ ေလာ့က်ေနတာနဲ႔ သက္ဆိုင္ရာကို အေၾကာင္းၾကားၿပီး တံခါးကိုေလာ့ဖြင့္ၾကတာေပါ့။ ၿပီးေတာ့မွ ေနာက္ဖုံးထဲမွာ လိုက္ကာနဲ႔အုပ္ထားတာကို ေတြ႕တာပါ။ ဒဏ္ရာေတြကေတာ့ လည္ပင္းကိုႀကိဳးနဲ႔ အညႇစ္ခံထားရတဲ့ပုံေပၚပါတယ္ မ်က္လုံးႏွစ္ဖက္ကလည္း ဖူးေရာင္ေနတယ္” ဟု မဟာလူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုဆိုသည္။
အဆိုပါအမ်ိဳးသားမွာ အသက္(၄ဝ)ဝန္းက်င္ခန႔္ရွိၿပီး ကားထဲတြင္ ေက်ာက္မ်ားထည့္ထားသည့္ ပုံးအေသးတစ္ပုံးႏွင့္ စာရင္းစာအုပ္မ်ားေတြ႕ရွိခဲ့ရေၾကာင္း ၎မွဆိုသည္။
၎အား မဟာလူမႈကယ္ဆယ္ေရးအဖြဲ႕မွ ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိအခ်ိန္အထိ မိသားစုမ်ားႏွင့္ အဆက္အသြယ္ မရေသးေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့ရှိ နဝဒေးတံတားအောက်၌ ပစ္စည်းလုခံရပြီး ဓားဖြင့်(၁ဝ)ချက်မက အထိုးခံခဲ့ရသော အမျိုးသားစိုးရိမ်ရသည့် အခြေအနေတွင်ရှိနေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း