ဓါတုပစ္စည်းများနဲ့ တိုက်ခိုက်ဖို့ကြံစည်နေတယ်လို့ သံသယရှိခံရသူကို ဂျာမနီရဲတပ်ဖွဲ့ ဖမ်းဆီး
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉
ဂျာမနီအာဏပိုင်တွေဟာ အသက် ၃၂ နှစ်အရွယ်ရှိ အီရန်နိုင်ငံသားတစ်ဦးကို ဂျာမနီ လုံခြုံရေးတာဝန်ရှိသူတွေ အပေါ် ဓါတုပစ္စည်းများနဲ့ တိုက်ခိုက်ဖို့ကြံစည်နေတယ်လို့ သံသယရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဂျာမနီရဲတပ်ဖွဲ့ဟာ အမေရိကန်လုံခြုံရေးအဖွဲ့ထံမှ သတင်းပေးပို့မှု ရရှိခဲ့ပြီးနောက် ဓါတုပစ္စည်းများနဲ့တိုက်ခိုက်ဖို့ ကြံစည်သူ အီရန်နိုင်ငံသားကို ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအီရန်နိုင်ငံသားရဲ့အစ်ကိုဖြစ်သူကို လည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ဖို့အတွက် ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ဂျာမနီအစိုးရှေ့နေရုံးနဲ့ ရဲတပ်ဖွဲ့က "အီရန်နိုင်ငံသားဟာ တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ ဆိုက်ယာနိုက်တွေကို ဝယ်ယူပြီး ဂျာမနီနိုင်ငံအတွင်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ သံသယရှိခံရသူဖြစ်တယ်။ အစ္စလာမ်မစ်နဲ့ပတ်သက်ပြီး လှုံဆော်တိုက်ခိုက်မှုတွေဖြစ်အောင် ကြံစည်နေသူဖြစ်တယ်" လို့ ပြောပါတယ်။
ဂျာမနီပြည်ထဲရေးဝန်ကြီးနန်စီဖီဆာ ကလည်း ဂျာမနီနိုင်ငံအနေနဲ့ အစ္စလာမစ် အစွန်းရောက်အကြမ်းဖက် အဖွဲ့ အစည်းများကို တိုက်ရိုက် ပစ်မှတ်ထား ဖြိုခွင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အစ္စလာမ်မစ် အစွန်းရောက်အယူအဆနဲ့ပတ်သက်ပြီး လှုံဆော်တိုက်ခိုက်ဖို့ ကြံစည်သူဟာ နိုင်ငံအတွက် အန္တရာယ် ဖြစ်စေကြောင်း ဆိုပါတယ်။
အဆိုပါ အီရန်နိုင်ငံသားဟာ ဂျာမနီမှာ အကြမ်းဖက်တိုက်ခိုက်များလုပ်ဖို့ အချိန်ဘယ်လောက်ကြာစီစဉ်ခဲ့သလဲ ဆိုတဲ့အချက်နဲ့ ပစ်မှတ်ထား တိုက်ခိုက်မယ့်အရာများနဲ့ပတ်သက်ပြီး အတိအကျမသိသေးဘဲ စုံစမ်းစစ်ဆေးဆဲသာ ဖြစ်ကြောင်း ဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။ဂျာမနီပြည်ထဲရေးဝန်ကြီးက "အာဏာပိုင်တွေဟာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သံသယရှိခံရတဲ့ အီရန်နိုင်ငံသားကို လျင်မြန်စွာ စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်" လို့ ပြောပါတယ်။
Zawgyi Version;
ဓါတုပစၥည္းမ်ားနဲ႔ တိုက္ခိုက္ဖို႔ႀကံစည္ေနတယ္လို႔ သံသယရွိခံရသူကို ဂ်ာမနီရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၉
ဂ်ာမနီအာဏပိုင္ေတြဟာ အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ အီရန္ႏိုင္ငံသားတစ္ဦးကို ဂ်ာမနီ လုံၿခဳံေရးတာဝန္ရွိသူေတြ အေပၚ ဓါတုပစၥည္းမ်ားနဲ႔ တိုက္ခိုက္ဖို႔ႀကံစည္ေနတယ္လို႔ သံသယရွိမႈနဲ႔ ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။
ဂ်ာမနီရဲတပ္ဖြဲ႕ဟာ အေမရိကန္လုံၿခဳံေရးအဖြဲ႕ထံမွ သတင္းေပးပို႔မႈ ရရွိခဲ့ၿပီးေနာက္ ဓါတုပစၥည္းမ်ားနဲ႔တိုက္ခိုက္ဖို႔ ႀကံစည္သူ အီရန္ႏိုင္ငံသားကို ဖမ္းဆီးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါအီရန္ႏိုင္ငံသားရဲ႕အစ္ကိုျဖစ္သူကို လည္း စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ဖို႔အတြက္ ဖမ္းဆီး စစ္ေဆးေနတယ္လို႔ သိရပါတယ္။ဂ်ာမနီအစိုးေရွ႕ေန႐ုံးနဲ႔ ရဲတပ္ဖြဲ႕က "အီရန္ႏိုင္ငံသားဟာ တရားဝင္ခြင့္ျပဳထားျခင္းမရွိတဲ့ ဆိုက္ယာႏိုက္ေတြကို ဝယ္ယူၿပီး ဂ်ာမနီႏိုင္ငံအတြင္းမွာ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈေတြလုပ္ဖို႔ သံသယရွိခံရသူျဖစ္တယ္။ အစၥလာမ္မစ္နဲ႔ပတ္သက္ၿပီး လႈံေဆာ္တိုက္ခိုက္မႈေတြျဖစ္ေအာင္ ႀကံစည္ေနသူျဖစ္တယ္" လို႔ ေျပာပါတယ္။ဂ်ာမနီျပည္ထဲေရးဝန္ႀကီးနန္စီဖီဆာ ကလည္း ဂ်ာမနီႏိုင္ငံအေနနဲ႔ အစၥလာမစ္ အစြန္းေရာက္အၾကမ္းဖက္ အဖြဲ႕ အစည္းမ်ားကို တိုက္႐ိုက္ ပစ္မွတ္ထား ၿဖိဳခြင္းတိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း၊ အစၥလာမ္မစ္ အစြန္းေရာက္အယူအဆနဲ႔ပတ္သက္ၿပီး လႈံေဆာ္တိုက္ခိုက္ဖို႔ ႀကံစည္သူဟာ ႏိုင္ငံအတြက္ အႏၲရာယ္ ျဖစ္ေစေၾကာင္း ဆိုပါတယ္။
အဆိုပါ အီရန္ႏိုင္ငံသားဟာ ဂ်ာမနီမွာ အၾကမ္းဖက္တိုက္ခိုက္မ်ားလုပ္ဖို႔ အခ်ိန္ဘယ္ေလာက္ၾကာစီစဥ္ခဲ့သလဲ ဆိုတဲ့အခ်က္နဲ႔ ပစ္မွတ္ထား တိုက္ခိုက္မယ့္အရာမ်ားနဲ႔ပတ္သက္ၿပီး အတိအက်မသိေသးဘဲ စုံစမ္းစစ္ေဆးဆဲသာ ျဖစ္ေၾကာင္း ဂ်ာမနီအာဏာပိုင္ေတြက ေျပာပါတယ္။ဂ်ာမနီျပည္ထဲေရးဝန္ႀကီးက "အာဏာပိုင္ေတြဟာ အၾကမ္းဖက္တိုက္ခိုက္ဖို႔ ႀကံစည္ေနတယ္လို႔ သံသယရွိခံရတဲ့ အီရန္ႏိုင္ငံသားကို လ်င္ျမန္စြာ စုံစမ္းစစ္ေဆးဖို႔ ၫႊန္ၾကားထားတယ္" လို႔ ေျပာပါတယ္။Zawgyi Version;
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကယားပြည်နယ်အစိုးရက ကုမ္ပဏီနှစ်ခုကို အမည်ပျက်စာရင်းသွင်း
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း