အမေရိကန်မှာတစ်ရက်ကို ရဲတပ်ဖွဲ့ဝင် သုံးဦး သတ်ဖြတ်ခံနေရဟုဆို
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၈
အမေရိကန်နိုင်ငံမှာ ၂ဝ၂၂ ခုနှစ်အတွင်းရဲတပ်ဖွဲ့ဝင်ပေါင်း (၁၁၇၆)ဦးအသတ်ခံခဲ့ရပြီး အမေရိကန်သမိုင်းမှာ ရဲတပ်ဖွဲ့ဝင်အများဆုံးအသတ်ခံရမှုနှစ်ဖြစ်တယ်လို့သိရပါတယ်။
၂ဝ၂၂ခုနှစ်အတွင်းအမေရိကန်နိုင်ငံမှာ တစ်ရက်ကို ရဲတပ်ဖွဲ့ဝင်အနည်းဆုံး (၃) ဦးအသတ်ခံရကြောင်း NGO အဖွဲ့တစ်ဖွဲ့ကဆိုပါတယ်။ အမေရိကန်နိုင်ငံရှိ မြို့များမှာ အကြမ်းဖက်မှုများ၊ ရာဇာဝတ်မှုများ မြင့်တက်လာခဲ့ရာ ရဲများဟာ ၎င်းတို့ရှင်သန်နေထိုင်မှုများအတွက် ပိုမိုရုန်းကန်ခဲ့ရကြောင်းသိရပါတယ်။ ၂ဝ၂၁ ခုနှစ်အတွင်းက ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၁၄၅ ဦးသာအသတ်ခံခဲ့ရပေမယ့် ၂ဝ၂၂ခုနှစ်မှာ ပိုမိုမြင့်တက်လာခဲ့ပြီး ၂ဝ၂၁ခုနှစ်က အသတ်ခံရတဲ့ရဲအရေအတွက်ထပ် (၃၁)ဦးပိုများခဲ့ကြောင်းသိရပါတယ်။
Mapping Police Violence အမည်ရှိအဖွဲ့တစ်ဖွဲ့ဟာ ၂ဝ၁၃ ခုနှစ်နောက်ပိုင်းတည်းက ရဲများအသတ်ခံရမှုကို မှတ်တမ်းလုပ်ခဲ့ပြီးဖော်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။ ရဲများဟာ သေနတ်နဲ့အပစ်ခတ်ရခြင်း၊ အရိုက်ခံရခြင်း စတဲ့အဖြစ်အပျက်များနဲ့အများဆုံးတွေ့ကြုံခဲ့ရကြောင်း အဆိုပါ NGO အဖွဲ့ကဆိုပါတယ်။ အသတ်ခံရတဲ့ရဲများအနက် ၂၄ ရာခိုင်နှုန်းက လူမည်းများဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှာ လူအမည်းအရေဟာ နိုင်ငံလူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းသာရှိကြောင်းသိရပါတယ်။
အမေရိကန်နိုင်ငံမှာ ၁၉၉၃ ခုနှစ်နောက်ပိုင်းတည်းက အကြမ်းဖက်ရာဇာမှု ဖြစ်ပွားမှု ထက်ဝက်ကျော်မြင့်တက်လာခဲ့ကြောင်း၊ ၂ဝ၂၂ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင်ဦးရေ (၃၂၃)ဦးဟာ တာဝန်ထမ်းဆောင်ချိန်အတွင်းပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။ အမေရိကန် လူဝစ်စီယားနား ပြည်နယ်ရှိ နယူးအော်လန်စ်မြို့မှာ ၂ဝ၂၂ ခုနှစ်အတွင်း လူသတ်မှုအများဆုံးဖြစ်ပွားခဲ့ကြောင်း၊ နယူးအော်လန်စ်မြို့မှာ၂ဝ၂၂ခုနှစ်အတွင်းလူပေါင်း (၂၈ဝ)ဦးသတ်ဖြတ်ခံရပြီး အဲဒီသတ်ဖြတ်ခံရသူများထဲမှာ ရဲတပ်ဖွဲ့ဝင် (၁၃)ဦးပါဝင်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန်နိုင်ငံသမိုင်းမှာ ချီကာဂို၊ နယူးယောက် နဲ့ မစ်ဆူရီပြည်နယ်တို့ဟာ လူသတ်မှုအများဆုံးဖြစ်ပွားတဲ့မြို့များအဖြစ် သတ်မှတ်ခံရပေမယ့် ၂ဝ၂၂ ခုနှစ်မှာတော့ လူဝစ်စီယားနား ပြည်နယ်ရှိ နယူးအော်လန်စ်မြို့ကတော့ လူသတ်မှုအများဆုံးဖြစ်ပွားတဲ့မြို့အဖြစ်သတ်မှတ်ခံရကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံမှာအကြမ်းဖက်တိုက်ခိုက်မှုများမြင့်တက်လာခြင်းကြောင့် ရဲများဟာ တာဝန်ထမ်းဆောင်ချိန်အတွင်းအကြမ်းဖက်ခံရမှုများ နဲ့ပိုမိုရင်ဆိုင်နေရကြောင်း သိရပါတယ်။
zawgyi version
အေမရိကန္မွာတစ္ရက္ကို ရဲတပ္ဖြဲ႕ဝင္ သုံးဦး သတ္ျဖတ္ခံေနရဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၈ အေမရိကန္ႏိုင္ငံမွာ ၂ဝ၂၂ ခုႏွစ္အတြင္းရဲတပ္ဖြဲ႕ဝင္ေပါင္း (၁၁၇၆)ဦးအသတ္ခံခဲ့ရၿပီး အေမရိကန္သမိုင္းမွာ ရဲတပ္ဖြဲ႕ဝင္အမ်ားဆုံးအသတ္ခံရမႈႏွစ္ျဖစ္တယ္လို႔သိရပါတယ္။ ၂ဝ၂၂ခုႏွစ္အတြင္းအေမရိကန္ႏိုင္ငံမွာ တစ္ရက္ကို ရဲတပ္ဖြဲ႕ဝင္အနည္းဆုံး (၃) ဦးအသတ္ခံရေၾကာင္း NGO အဖြဲ႕တစ္ဖြဲ႕ကဆိုပါတယ္။
အေမရိကန္ႏိုင္ငံရွိ ၿမိဳ႕မ်ားမွာ အၾကမ္းဖက္မႈမ်ား၊ ရာဇာဝတ္မႈမ်ား ျမင့္တက္လာခဲ့ရာ ရဲမ်ားဟာ ၎တို႔ရွင္သန္ေနထိုင္မႈမ်ားအတြက္ ပိုမို႐ုန္းကန္ခဲ့ရေၾကာင္းသိရပါတယ္။ ၂ဝ၂၁ ခုႏွစ္အတြင္းက ရဲတပ္ဖြဲ႕ဝင္ေပါင္း ၁၁၄၅ ဦးသာအသတ္ခံခဲ့ရေပမယ့္ ၂ဝ၂၂ခုႏွစ္မွာ ပိုမိုျမင့္တက္လာခဲ့ၿပီး ၂ဝ၂၁ခုႏွစ္က အသတ္ခံရတဲ့ရဲအေရအတြက္ထပ္ (၃၁)ဦးပိုမ်ားခဲ့ေၾကာင္းသိရပါတယ္။
Mapping Police Violence အမည္ရွိအဖြဲ႕တစ္ဖြဲ႕ဟာ ၂ဝ၁၃ ခုႏွစ္ေနာက္ပိုင္းတည္းက ရဲမ်ားအသတ္ခံရမႈကို မွတ္တမ္းလုပ္ခဲ့ၿပီးေဖာ္ျပခဲ့ျခင္းလည္းျဖစ္ပါတယ္။ ရဲမ်ားဟာ ေသနတ္နဲ႔အပစ္ခတ္ရျခင္း၊ အ႐ိုက္ခံရျခင္း စတဲ့အျဖစ္အပ်က္မ်ားနဲ႔အမ်ားဆုံးေတြ႕ႀကဳံခဲ့ရေၾကာင္း အဆိုပါ NGO အဖြဲ႕ကဆိုပါတယ္။ အသတ္ခံရတဲ့ရဲမ်ားအနက္ ၂၄ ရာခိုင္ႏႈန္းက လူမည္းမ်ားျဖစ္ေၾကာင္း၊ အေမရိကန္ႏိုင္ငံမွာ လူအမည္းအေရဟာ ႏိုင္ငံလူဦးေရရဲ႕ ၁၃ ရာခိုင္ႏႈန္းသာရွိေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံမွာ ၁၉၉၃ ခုႏွစ္ေနာက္ပိုင္းတည္းက အၾကမ္းဖက္ရာဇာမႈ ျဖစ္ပြားမႈ ထက္ဝက္ေက်ာ္ျမင့္တက္လာခဲ့ေၾကာင္း၊ ၂ဝ၂၂ ခုႏွစ္အတြင္း ရဲတပ္ဖြဲ႕ဝင္ဦးေရ (၃၂၃)ဦးဟာ တာဝန္ထမ္းေဆာင္ခ်ိန္အတြင္းပစ္သတ္ခံရျခင္းျဖစ္ေၾကာင္း သိရပါတယ္။
အေမရိကန္ လူဝစ္စီယားနား ျပည္နယ္ရွိ နယူးေအာ္လန္စ္ၿမိဳ႕မွာ ၂ဝ၂၂ ခုႏွစ္အတြင္း လူသတ္မႈအမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း၊ နယူးေအာ္လန္စ္ၿမိဳ႕မွာ၂ဝ၂၂ခုႏွစ္အတြင္းလူေပါင္း (၂၈ဝ)ဦးသတ္ျဖတ္ခံရၿပီး အဲဒီသတ္ျဖတ္ခံရသူမ်ားထဲမွာ ရဲတပ္ဖြဲ႕ဝင္ (၁၃)ဦးပါဝင္ခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံသမိုင္းမွာ ခ်ီကာဂို၊ နယူးေယာက္ နဲ႔ မစ္ဆူရီျပည္နယ္တို႔ဟာ လူသတ္မႈအမ်ားဆုံးျဖစ္ပြားတဲ့ၿမိဳ႕မ်ားအျဖစ္ သတ္မွတ္ခံရေပမယ့္ ၂ဝ၂၂ ခုႏွစ္မွာေတာ့ လူဝစ္စီယားနား ျပည္နယ္ရွိ နယူးေအာ္လန္စ္ၿမိဳ႕ကေတာ့ လူသတ္မႈအမ်ားဆုံးျဖစ္ပြားတဲ့ၿမိဳ႕အျဖစ္သတ္မွတ္ခံရေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံမွာအၾကမ္းဖက္တိုက္ခိုက္မႈမ်ားျမင့္တက္လာျခင္းေၾကာင့္ ရဲမ်ားဟာ တာဝန္ထမ္းေဆာင္ခ်ိန္အတြင္းအၾကမ္းဖက္ခံရမႈမ်ား နဲ႔ပိုမိုရင္ဆိုင္ေနရေၾကာင္း သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓါတုပစ္စည်းများနဲ့ တိုက်ခိုက်ဖို့ကြံစည်နေတယ်လို့ သံသယရှိခံရသူကို ဂျာမနီရဲတပ်ဖွဲ့ ဖမ်းဆီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း