ဆူပူသောင်းကျန်းသူအားလုံးကို အပြစ်ပေးအရေးယူသွားမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် သတိပေး
ဂျန်ဇက် (NSS) - ဇွန် ၂၄
ရုရှားသမ္မတပူတင်က ဆူပူသောင်းကျန်းသူအားလုံးကို အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားကြေးစားအုပ်စု Wagner အဖွဲ့အကြီးအကဲက ၎င်းတို့အနေနဲ့ Rostov-on-Don မြို့ကိုထိန်းချုပ်လိုက်ပြီး ရုရှားတပ်ဖွဲ့များနဲ့ အပြန်အလှန်တိုက်ခိုက်မှုများရှိနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က အခုလိုမျိုးသတိပေးလိုက်တာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်က "နိုင်ငံနဲ့ပြည်သူတွေကို ပြန်လည်တည်ငြိမ်မှုများဖြစ်တာတွေ့မြင်လိုတယ်။ ကျွန်တော့်အနေနဲ့ ရုရှားနိုင်ငံသားတွေ၊ ရုရှားလက် နက်ကိုင်အဖွဲ့တွေ၊ ရုရှားတရားဥပဒေစိုးမိုးရေးအဖွဲ့တွေ နဲ့ အထူးတပ်ဖွဲ့ကိုပြောလိုတယ်။ လက်နက်ကိုင်တော်လှန်မှုတွေ၊ ပုန်ကန်မှုတွေနဲ့အတူ ဆိုးရွားတဲ့ရာဇဝတ်မှုကျူးလွန်မှုတွေမှာ ပါဝင်သူများ၊ လိမ်လည်နေသူများကို ပြင်းထန်စွာအရေးယူသွားမှာပါ၊ ကျွန်တော်ဟာ နိုင်ငံရဲ့သမ္မတဖြစ်တဲ့အတွက် နိုင်ငံကို ကာကွယ်နိုင်အောင် အရာရာတိုင်းလုပ်ဆောင်သွားမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံရေးနဲ့ လွတ်လပ်မှုတွေကို ကာကွယ်ပေးသွားမှာဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ပုန်ကန်မှု ပြုလုပ်နေသူအားလုံးဟာ သစ္စာဖောက်မှုများအတွက် ပြန်လည်တာဝန်ယူခြင်း၊ တာဝန်ခံခြင်းရှိရမှာဖြစ်တယ်။ ရုရှားမှာ လူထုအုံကြွမှုဖြစ်အောင် စည်းရုံးဖို့ ကြိုးပမ်းနေသူတွေဟာ တိုင်းပြည်ကို ကွဲလွဲမှု၊ ရှုံးနိမ့်မှုနဲ့ ကမောက်ကမတွေဆီ တွန်းပို့နေတယ်"လို့ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ Wagner ကြေးစားတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိခဲ့ကြောင်း၊ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin ကပြောပါတယ်။ရုရှား ဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) ကတော့ ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ကို လက်နက်ကိုင်ပုန်ကန်မှုအဖြစ် စွပ်စွဲခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးကော်မတီဥပဒေများနဲ့တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။ ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင်ဟာ ဖမ်းဆီးမိပါက ပြစ်မှုထင်ရှားမယ်ဆိုရင် အနည်းဆုံးထောင် ဒဏ် နှစ်ပေါင်း (၂ဝ)ကျော် ပြစ်ဒဏ်ပေးခံရဖွယ်ရှိနေပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု နိုင်ငံတွေဟာ ရုရှားကိုဆန့်ကျင်ဖို့အတွက် ညွှန်ကြားမှုများလုပ်ဆောင်နေကြောင်း၊ ရုရှားနိုင်ငံဟာ အချုပ် အခြာအာဏာ နဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေအတွက် တိုက်ခိုက်နေရကြောင်း ရုရှားသမ္မတပူတင်ကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့် သြဂုတ်လ(၁)ရက်မှစ၍ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို စတင်ကျင့်သုံးမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ