တပ်မတော်က လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိပြီး နိုင်ငံသားများသာ သေဆုံးမည်ဖြစ်၍ ထိန်းသိမ်းလုပ်ဆောင်နေခြင်းဟု နစကပြော
မျိုးကြီး (NP News) - ဇွန် ၂၃
တပ်မတော်က သာမန်လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိသော်လည်း နိုင်ငံသားများသာ သေဆုံးမည်ဖြစ်၍ ထိန်းသိမ်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝန်ကြီးဦးသန်းဆွေက ပြောသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေသည် ပြီးခဲ့သောရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာအလွတ်သဘောဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ၏ ပြောဆိုဆွေးနွေးမှုများနှင့်ပတ်သက်၍လည်း နစကဘက်က အသိပေး ထုတ်ပြန်ထားသည်။
ပြည်ပရောက် NUG အဖွဲ့သည် ပြည်တွင်းရှိ PDF များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ကာ အကြမ်းဖက်လုပ်ငန်းများကို စေခိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
အဆိုပါ PDF များက ဘုန်းတော်ကြီးများ၊ ကျောင်းသားကလေးငယ်များ၊ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် လက်နက်မဲ့ပြည်သူ (၅ဝဝဝ)ကျော်ကို ဥပဒေမဲ့သတ်ဖြတ်နေခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့ကြောင့် ပြည်သူလူထုကို အကာအကွယ်ပေးရန် အစိုးရတွင် တာဝန်ရှိသည့်အတွက် ဥပဒေနှင့်အညီ ပြန်လည် တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း ဦးသန်းဆွေက ပြောသည်။
ထို့ပြင် ၎င်းဝန်ကြီးက မြန်မာ့တပ်မတော်သည် သာမန်လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိ ကြောင်း၊ အင်အားသုံးချေမှုန်းမှုသည် မိမိတို့နိုင်ငံသားများသာ များစွာသေကျေဒဏ်ရာရကြမည်ဖြစ်၍ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း အသိပေးပြောဆိုခဲ့သည်။
ပြည်တွင်းရေးကိစ္စများကို အေးချမ်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားကြောင်း လည်း နိုင် ငံခြားဝန်ကြီးက ဆက်လက်ပြောဆိုထားသည်။
လွန်ခဲ့သည့် (၂)နှစ်ကျော်ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူ၍ EAO အချို့သည် ကိုဗစ် ကာလစီးပွားရေး၊ လူမှုရေးအခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်သောလူငယ်များကို PDF အဖြစ်သင်တန်းပေး ကာ လက်နက် တပ်ဆင်ပေးခဲ့ကြောင်းလည်း ၎င်းက ဆွေးနွေးပြောဆိုခဲ့သည်။
ထိုသို့ လက်နက်တပ်ဆင်ပေးခဲ့ခြင်းကြောင့် နှစ်ပေါင်း (၅ဝ)နီးပါး အေးချမ်းနေသည့် ပြည်တွင်းဒေသများ၌ လက်နက်ကိုင်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ဆိုထားသည်။
လက်ရှိတွင် နိုင်ငံအတွင်းရှိ မြို့နယ်အများအပြားတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ PDF အဖွဲ့များကြားတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နိုင်ငံသားအများအပြားမှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပမှ ထူးခြားသတင်းများအား တင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ