အာဆီယံ၏တူညီဆန္ဒ(၅)ရပ်ကို အကောင်အထည်ဖော်ရာ၌ အဖျက်အမှောက်လုပ်ရပ်များကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရဟုဆို
ယွန်း (NP News) - ဇွန် ၂၂
အာဆီယံ၏တူညီဆန္ဒ(၅)ရပ်ကို အကောင်အထည်ဖော်ရာတွင် အဖျက်အမှောက်လုပ်ရပ်များကြောင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ယနေ့(ဇွန်လ ၂၂ ရက်)တွင် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ Mr. Dicky Komar အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့စဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏တူညီဆန္ဒ(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဆိုသည်။
ထိုသို့ဆောင်ရွက်ရာ၌ အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောက်လုပ်ရပ်များကြောင့် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဦးချမ်းအေးက သံရုံးတာဝန်ခံ Mr. Dicky Komar အား ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ပိုမိုတိုးမြှင့်စွာဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံနယ်စပ်ဒေသရှိ အခက်အခဲကြုံတွေ့နေကြသည့် အင်ဒိုနီးရှားနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ၌ ကျင်းပမည့် သတ္တုတူးဖော်ရေးနှင့်ပတ်သက်သည့် ပြပွဲနှင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ