မှတ်ပုံတင်ပွဲစားအမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှု မွန်ပြည်နယ်၌ ဖြစ်ပွား
NSS - ဇွန် ၂၂
မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့ရှိ လဝကရုံး၌ မှတ်ပုံတင်ရရှိရန်ဆောင်ရွက်ပေးနေသည့် ပွဲစားအမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၂ ရက်)၊ နံနက်(၁၀)နာရီဝန်းကျင်အချိန်တွင် လမိုင်းမြို့၊ နာရီစင်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း လမိုင်းလူငယ်ပရဟိတအဖွဲ့ထံမှ သိရသည်။
“သူက လဝရုံးမှာ မှတ်ပုံတင်လုပ်ပေးနေတဲ့ပွဲစားလိုပုံစံလိုမျိုးပေါ့။ မှတ်ပုံတင်လုပ်ဖို့ ချိန်းထားလို့ သူကအဲဒီမှာလာစောင့်နေတာလို့ ကြားတယ်။ အဲဒီချိန်မှာပစ်ခံလိုက်ရတာပါ။ ဘယ်နှစ်ယောက်လာပြီးတော့ ပစ်သွားတာလဲတော့ မသိပါဘူး”ဟု လမိုင်းလူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသမီးသည် အသက်(၅၆)နှစ်ဝန်းကျင်အရွယ်ရှိပြီး ဒေါ်စန်းမြင့်ကြွယ်ဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ဒေါ်စန်းမြင့်ကြွယ်တွင် ဝမ်းဗိုက်၊ ကျောဘက်နှင့် ဘေးဘက်တွင် သေနတ်ဒဏ်ရာသုံးချက်ရရှိကာ လမိုင်းဆေးရုံအရောက်တွင် ကွယ်လွန်သွားကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံ၏တူညီဆန္ဒ(၅)ရပ်ကို အကောင်အထည်ဖော်ရာ၌ အဖျက်အမှောက်လုပ်ရပ်များကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း